ကျနော် နေရာမှန်ကို ပြန်လာရတာ ကြိုက်တယ် - မော်ရင်ဟို

ကျနော် နေရာမှန်ကို ပြန်လာရတာ ကြိုက်တယ် - မော်ရင်ဟို
Photos: EPA

တစ်ကျော့ပြန် နည်းပြလောကထဲ ရောက်ရှိလာတဲ့ မော်ရင်ဟိုကတော့ နိုင်ပွဲနဲ့အတူ နေရာမှန်ကို ပြန်ရောက်နေခဲ့ပြီဖြစ်ပြီး သူက ဒါကို "ကြိုက်နှစ်သက်တယ်"လို့ ဝန်ခံခဲ့ပါတယ်။

စပါးအသင်းက အဝေးကွင်းမှာ ဝက်စ်ဟမ်းအသင်းကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မော်ရင်ဟိုဟာ (၁၁)လကြာဝေးကွာနေခဲ့တဲ့ နည်းပြဘဝကို နိုင်ပွဲနဲ့အတူ ပြန်လည်စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအဝေးကွင်းနိုင်ပွဲကြောင့် စပါးအသင်းဟာလည်း (၁၁)လနီးပါးနိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက အဝေးကွင်း အောင်ပွဲနဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"ဒီနိုင်ပွဲက တော်တော့် တော်တော်လေးကို အရေးပါခဲ့ပါတယ်။ (၁၁)လနီးပါးလောက် အဝေးကွင်းပွဲစဉ်တွေဆို အဝတ်လဲခန်းထဲမှာ သီချင်းသံတွေ၊ ပြုံးပျော်မှုတွေ ပျောက်ဆုံးနေခဲ့တယ်။ အခုတော့ သူတို့ လုပ်ပြနိုင်ခဲ့ပါပြီ။ သူတို့နဲ့အတူ အရမ်းပျော်ရွှင်မိပါတယ်။ သူတို့အတွက် ကျနော် အရမ်းပျော်ရွှင်မိပါတယ်။

"ခင်ဗျားကို ဝန်ခံရမယ်ဆိုရင် ၁၁ လအတွင်း ကျနော့်အတွက် တော်တော်လေးခက်ခဲခဲ့တဲ့ အခိုက်အတန့်တွေဖြစ်ခဲ့တယ်။ ရာသီကြိုပြင်ဆင်မှုတွေ မရှိတာဟာ ကျနော့်အတွက် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး တခြားအသင်းတွေရဲ့ ပြင်ဆင်မှုတွေနဲ့ နည်းပြတွေ ဘာလုပ်နေသလဲဆိုတာကို ကျနော် ကြည့်နေခဲ့ရပါတယ်။"

"ဘောလုံးကွင်းတွေဆီ သွားခဲ့တယ်။ ပြီးတော့ တခါတလေ ငါဒီမှာ ဘာတွေ လုပ်နေမိပါလိမ့်လို့ တွေးခဲ့မိပါတယ်။"

"'ဒါက ထူးဆန်းတဲ့ ခံစားချက်ပါ။ ကျနော် ကွင်းစည်းဘေးမှာ ရှိနေတယ်။ ဒါက ကျနော့်နေရာမှန်ပါ။ ဒီတော့ ဒီနေ့ခံစားချက်က ကျနော့်ရဲ့ နေရာဘုံဆီ ပြန်ရောက်နေခဲ့ပြီဆိုတာပါပဲ။"လို့ ပြောဆိုသွားပါတယ်။

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly