နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ICJ ပြသနာ ဖြေရှင်းမည့်အပေါ် ပြုလုပ်မည့် လူထုထောက်ခံပွဲများကို ကူညီသွားမည်ဟု ဒေါက်တာမျိုးညွန့် ပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ICJ ပြသနာ ဖြေရှင်းမည့်အပေါ် ပြုလုပ်မည့် လူထုထောက်ခံပွဲများကို ကူညီသွားမည်ဟု ဒေါက်တာမျိုးညွန့် ပြော

နေပြည်တော်၊ နိုဝင်ဘာ ၂၃။      ။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် မြန်မာနိုင်ငံကို ဘင်္ဂလီမျိုးနွယ်စုများအပေါ် ဂျီနိုဆိုက် ကျူးလွန်သည်ဟု စွပ်စွဲချက်အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ဖြေရှင်းမည့် ကိ(စ)တွင် မြန်မာနိုင်ငံတွင် လူထုထောက်ခံပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး ထိုထောက်ခံပွဲများကို အဖက်ဖက်က ပံ့ပိုးကူညီသွားမည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကပြောသည်။

“ပြည်သူလူထုက အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ICJ နဲ့ပတ်သက်တဲ့စိန်ခေါ်မှုကို ဖြေရှင်းဖို့ကြိုးစားတာကိုထောက်ခံတဲ့လူထုထောက်ခံပွဲတွေ လုပ်လိမ့်မယ်။ဒါကို ကျွန်တော်တို့ကအဖက်ဖက်ကပံ့ပိုးသွားမယ်လို့ပြောတာပါ” ဒေါက်တာမျိုးညွန့် NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ

နိုဝင်ဘာ ၂၃ရက်နေ့က နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့သည့် NLDပါတီ၏ ဗဟိုအလုပ်မှုဆောင်အစည်းအဝေးအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly