ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးပညာသင် ကလေးအယောက်(၁၀၀၀)ကို ချက်ပြုတ်လှူဒါန်း

22 November 2019
ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးပညာသင် ကလေးအယောက်(၁၀၀၀)ကို ချက်ပြုတ်လှူဒါန်း

ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးပညာသင် ကလေးအယောက်(၁၀၀၀)ကို ချက်ပြုတ်လှူဒါန်း
**********************
ဂျပန်-မြန်မာချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ Hokkaido human Resources Association အဖွဲ့ သည် မြန်မာနိုင်ငံသို့လာရောက်ပြီးနိုဝင်ဘာလ(၂၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရှိ ဓမ္မဝိဟာရပထမကျော် စာသင်တိုက်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ လူဦးရေ(၁၀၀၀)ခန့်ကို ဂျပန်ရိုးရာအစားအစာဖြစ်သည့်  ဂျပန်ကာရီထမင်းချက်ပြုတ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။
 “Hokkaido human Resources Association ဂျပန်ဘာသာစကားကို သင်ယူနေတဲ့သူတွေ ကိုဂျပန်ယဉ်ကျေးမှု၊ ဂျပန်အစားအသောက်ကိုတွေကို ယဉ်ပါးစေချင်တဲ့အတွက် ဒီပွဲကို ပြုလုပ်ခဲ့တာပါ။ ဂျပန်စာတက်မြောက်ပြီးတဲ့ အတက်ပညာအခြေခံရသွားတဲ့ ကလေးတွေကို သူတို့ဆီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေးသွားဖို့ ရှိပါတယ်”ဟု Nature Myanmar Internatioanl Myanmar ၏ဥက္ကဋ္ဌ ဦးအောင်ဒင်ကဆိုသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63205
ရိုက်ကူး/တည်းဖြတ် - ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly