ထိုင်းနိုင်ငံက ယာဉ်မတော်တဆကြောင့် သေဆုံးမှုတွင် ကမ္ဘာ့ဒုတိယအများဆုံး အဆင့်တွင်ရှိ

ထိုင်းနိုင်ငံက ယာဉ်မတော်တဆကြောင့် သေဆုံးမှုတွင် ကမ္ဘာ့ဒုတိယအများဆုံး အဆင့်တွင်ရှိ

အဓိကလုံခြုံရေးစံများ နည်းပါးခြင်းနှင့် ဥပဒေသက်ရောက်မှုလည်း ချွတ်ယွင်းချက်ရှိခြင်းတို့ကြောင့် ထိုင်းနိုင်ငံက ကားလမ်းများသည် ကမ္ဘာပေါ်တွင် ဒုတိယ လူသေဆုံးမှုအများဆုံးဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ တိုင်းတာချက်အရသိရသည်။

ကုလသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီဖြစ်သည့် WHO ၏ ၂၀၁၅ ကမ္ဘာ့မော်တော်ကားလမ်းများ လုံခြုံရေး အစီရင်ခံစာတွင် ထိုင်းနိုင်ငံက ကားလမ်းများနှင့် အဝေးပြေးကာလမ်းများတွင် ၂၀၁၂ ခုနှစ်အတွင်းက ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူဦးရေသည် ၁၄၀၅၉ ရှိကြောင်း၊ ရာနှုန်းချကြည့်လျှင် လူတစ်သိန်းလျှင် ၃၆ ဒသမ ၂ ဦးနှုန်းရှိရာ  အလားတူနှစ်အတွင်း တစ်သိန်းလျှင် ၇၃ ဒသမ ၄ ဦးနှုန်းရှိသည့် စစ်ဖြစ်နေသည့် လစ်ဗျားက သေဆုံးမှုနှုန်းကသာလျှင် ထိုင်းနိုင်ငံထက် သေဆုံးမှု များနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံက ယာဉ်မတော်တဆဖြစ် သေဆုံးနှုန်း၏ နောက်တွင် အီရန်(တစ်သိန်းလျှင် ၃၂ ဒသမ ၁)၊ တိုဂို(၃၁ ဒသမ ၁) နှင့် အာဖရိကကိုးနိုင်ငံတို့က ၃၀ နှင့် ၃၅ ကြား နှုန်းထားများရှိသည်။

ထိုပြင် ထိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် အမှန် သေဆုံးနှုန်းမှာ တရားဝင်ထုတ်ပြန်သည့် နှုန်းထက် ပိုမိုများပြားကြောင်း WHO က ကောက်ချက်ချသည်။ ၂၀၁၂က အမှန်သေဆုံးနှုန်းသည် ပြည်သူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နှုန်းထက် ၄၂ ရာခိုင်နှုန်းပိုကာ ၂၄၂၃၇ ဦးရှိကြောင်း WHO က ခန့်မှန်းသည်။

တစ်ကမ္ဘာလုံးတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူဦးရေသည် ၁ ဒသမ ၂၅ သန်းနီးပါးရှိကြောင်း WHO က ထုတ်ပြန်ထားသည်။

Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags