ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် ငါးဦးလျင် လေးဦးနှုန်းသည် လုံလောက်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု မရှိဟု WHO သတိပေး

ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် ငါးဦးလျင် လေးဦးနှုန်းသည် လုံလောက်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု မရှိဟု WHO သတိပေး
In its first ever report on global trends for adolescent physical activity, the UN World Health Organization stressed that urgent action is needed to get teens off their screens and moving more. (AFP)

နိုဝင်ဘာ ၂၂ ။        ။ ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် အရွယ် ငါးဦးလျင် လေးဦးနှုန်းသည် ၎င်းတို့၏ ကျန်းမာရေးအတွက် လုံလောက်သည့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်မှုများ လုပ်ဆောင်နေခြင်း မရှိဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်သတိပေးလိုက်သည်။

အထူးသဖြင့် မိန်းကလေးငယ်များအနေဖြင့် လေ့ကျင့်ခန်း ပိုမို လုပ်ဆောင်ရန် လိုကြောင်း WHO က သတိပေးသွားသည်။

မြီးကောင်ပေါက် ဆယ်ကျော်သက်များ၏ ကိုယ်ကာယ လေ့ကျင့်မှုနှင့်ပတ်သက်၍ ကမ္ဘာတစ်ဝန်း ဖြစ်နေသော အနေအထားအပေါ် သုံးသပ်သည့် ပထမဆုံးအစီရင်ခံစာတစ်ရပ်ကို WHO က ထုတ်ပြန်သွားခြင်းဖြစ်သည်။

ယနေ့ခေတ် ဆယ်ကျော်သက်လူငယ်များကို ဖုန်း၊ ကွန်ပြူတာ စသည့် နည်းပညာပစ္စည်းများ၏ မျက်နှာပြင်များကနေ ဖယ်ခွာပြီး ကိုယ်လက်လှုပ်ရှားမှု ပိုမို လုပ်ဆောင်လာနိုင်စေရေးအတွက် အားချင်း အရေးပေါ်လုပ်ဆောင်ချက် လုပ်ရန် လိုနေကြောင်း ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီက အလေးပေးပြောသွားသည်။

ကမ္ဘာတစ်ဝန်း ဆယ်ကျော်သက် များအနက် ၈၁ ရာခိုင်နှုန်းခန့်သည် လမ်းလျှောက်ခြင်း၊ ကစားခြင်း၊ စက်ဘီးစီးခြင်း၊ အားကစားတစ်ခုခုတွင် ပါဝင်လုပ်ဆောင်ခြင်း စသည့် ကိုယ်ကာယလှုပ်ရှားမှုတစ်ခုခုကို တစ်နေ့လျင် အနည်းဆုံး တစ်နာရီခန့် လုပ်ဆောင်သင့်သည်ဆိုသည့် WHO ၏ လမ်းညွန်ချက်အတိုင်း လိုက်လံလုပ်ဆောင်နေကြခြင်း မရှိသည်ကို တွေ့ရှိထားရသည်ဟု သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly