ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးပညာသင် ကလေးအယောက်(၁၀၀၀)ကို ချက်ပြုတ်လှူဒါန်း

ဂျပန်-မြန်မာချစ်ကြည်ရေးအတွက် ဘုန်းတော်ကြီးပညာသင် ကလေးအယောက်(၁၀၀၀)ကို ချက်ပြုတ်လှူဒါန်း

ရန်ကုန်၊နိုဝင်ဘာ ၂၂ ။        ။ ဂျပန်-မြန်မာချစ်ကြည်ရေးအနေဖြင့် ဂျပန်နိုင်ငံမှ Hokkaido human Resources Association အဖွဲ့ သည် မြန်မာနိုင်ငံသို့လာရောက်ပြီးနိုဝင်ဘာလ(၂၂)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ရှိ ဓမ္မဝိဟာရပထမကျော် စာသင်တိုက်ရှိ ဘုန်းတော်ကြီးပညာသင်ကျောင်းမှ လူဦးရေ(၁၀၀၀)ခန့်ကို ဂျပန်ရိုးရာအစားအစာဖြစ်သည့်  ဂျပန်ကာရီထမင်းချက်ပြုတ်လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

     “Hokkaido human Resources Association ဂျပန်ဘာသာစကားကို သင်ယူနေတဲ့သူတွေ ကိုဂျပန်ယဉ်ကျေးမှု၊ ဂျပန်အစားအသောက်ကိုတွေကို ယဉ်ပါးစေချင်တဲ့အတွက် ဒီပွဲကို ပြုလုပ်ခဲ့တာပါ။ ဂျပန်စာတက်မြောက်ပြီးတဲ့ အတက်ပညာအခြေခံရသွားတဲ့ ကလေးတွေကို သူတို့ဆီမှာ အလုပ်အကိုင် အခွင့်အလမ်းတွေပေးသွားဖို့ ရှိပါတယ်”ဟု Nature Myanmar Internatioanl Myanmar ၏ဥက္ကဋ္ဌ ဦးအောင်ဒင်ကဆိုသည်။

          အဆိုပါ လှုဒါန်းမှုတွင်  Nature Lover International နှင့် JICA AluminiAsssociation of Myanmar အဖွဲ့ မှ ပါဝင် ကူညီခဲ့ပြီး၊ ယင်းလှုဒါန်းမှုတွင် ဂျပန်နိုင်ငံ၊ ဟောကိုင်းဒိုပြည်နယ်၊ အီရှီကာရီမြို့၏ အမတ်တစ်ဦးဖြစ်သူဆာတိုရှီကာမီမူရာလည်းပါဝင်ခဲ့သည်။

ဂျပန်နိုင်ငံတွင်လိုအပ်နေသည့်  လူစွမ်းအားအရင်းအမြစ်များကို    မြန်မာနိုင်ငံမှ ခေါ်ယူနိုင်ရန် အတွက် ပထမဆုံးခြေလှမ်းအနေဖြင့် မြန်မာလူငယ်အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ဖြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုလက်ရှိမှာ ဟောကိုင်းဒိုအပါအဝင် ဂျပန်တစ်နိုင်ငံလုံးမှာက အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်လူရွယ်အင်အားကအရမ်းကိုကျဆင်းလာပါတယ်။  အဲအတွက်ကြောင့်မို့ ဒီကနေရှေ့လျှောက်ပြီး၊ ဂျပန်နိုင်ငံမှာလိုအပ်နေတဲ့ လူ့စွမ်းအားကို မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်လူရွယ်တွေဆီကနေ ရယူအသုံးပြုပြီးတော့ ဒီလူငယ်တွေကဟိုဘက်မှာလဲ ဂျပန်နိုင်ငံကနည်းပညာတွေကို လေ့လာပြီး  ကိုယ်နိုင်ငံကို ပြန်လာတဲ့အခါ မိမိနိုင်ငံ ဖွံ့ဖြိုးရေးအတွက် ဦးဆောင်ဆောင်ရွက် နိုင်တဲ့သူတွေ ဖြစ်လာစေဖို့ အတွက်ကို အတူလက်တွဲဆောင်ရွက်သွားနိုင်ဖို့ရည်ရွယ်တာပါ”ဟု ဟောကိုင်းဒိုပြည်နယ်၊ အီရှီကာရီမြို့၏ အမတ်ဆာတိုရှီကာမီမူရာကပြော သည်။

          ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံမှ လူငယ်လူရွယ်များကို သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍများအတွက် အများဆုံးခေါ်ယူနေခြင်း ဖြစ်ပြီး၊ အခြားလုပ်ငန်းကဏ္ဍများတွင် လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ခေါ်ယူသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly