အငြင်းပွားရေပြင်တွင် အမေရိကန်စစ်သင်္ဘောများ ဖြတ်သန်းခုတ်မောင်းမှု တရုတ် ပြစ်တင်

အငြင်းပွားရေပြင်တွင် အမေရိကန်စစ်သင်္ဘောများ ဖြတ်သန်းခုတ်မောင်းမှု တရုတ် ပြစ်တင်

နိုဝင်ဘာ ၂၂ ။         ။ ယခုအပတ်အတွင်း တောင်တရုတ်ပင်လယ်တွင် အမေရိကန် စစ်သင်္ဘော နှစ်စင်း ဖြတ်သန်းခုတ်မောင်းခဲ့ခြင်းသည် ရန်စသည့် လုပ်ရပ်တစ်ခု ဟု တရုတ်က နိုဝင်ဘာ ၂၂ ရက်တွင် စွပ်စွဲလိုက်သည်။

ပေကျင်းအစိုးရက ပိုင်ဆိုင်ကြောင်း ထုတ်ဖော်ထားသည့် ကျွန်းများအနီး အမေရိကန် ရေတပ် သင်္ဘောများ ပြီးခဲ့သည့် ရက်ပိုင်းက ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း နှင့် ထိုင်ဝမ် တို့ နယ်မြေပိုင်ဆိုင်ကြောင်း အသီးသီးထုတ်ဖော်ထားသည့် အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်တွင် အမေရိကန် ရေတပ်သည် ပင်လယ်ပြင် လွတ်လပ်စွာ ဖြတ်သန်းခုတ်မောင်းမှုများကို ပုံမှန်လိုလို လုပ်ဆောင်နေခြင်း ဖြစ်သည်။

USS Gabrielle Giffords တိုက်ခိုက်ရေး သင်္ဘောသည် နိုဝင်ဘာ ၂၀ ရက်က စပရက်တလေ ကျွန်းစုအနီး ကနေသော်လည်းကောင်း၊ USS Wayne E.Meyer ဖျက်သင်္ဘောသည် နိုဝင်ဘာ ၂၁ ရက်က ပါရာဆယ် ကျွန်းစုအနီး ကနေသော်လည်းကောင်း အသီးသီး ဖြတ်သန်းခုတ်မောင်းခဲ့ဟု အမေရိကန် ရေတပ်က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ အငြင်းပွားရေပြင်တွင် အမေရိကန် စစ်သင်္ဘောများ ခုတ်မောင်းသွားလာမှုအပေါ် တရုတ်တို့ဘက်က ပြစ်တင်ခဲ့ခြင်းနှင့်အတူ အဆိုပါ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုကို ပိုမိုမြင့်တက်လာစေခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly