ကင်ဆိုဟွန်းနဲ့ အန်ဆိုဟီးတို့ တွဲနေကြပြီလား

ကင်ဆိုဟွန်းနဲ့ အန်ဆိုဟီးတို့ တွဲနေကြပြီလား

ဆိုးလ်၊ အောက်တိုဘာ ၂၀ ။         ။ ကိုရီးယားမင်းသား ကင်ဆိုဟွန်းနှင့် Wonder Girls အဖွဲ့ဝင်ဟောင်း အန်ဆိုဟီးတို့ တွဲနေသည် ဟု ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ပြည်တွင်း မီဒီယာတစ်ခုက အောက်တိုဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။

ကင်သည် မင်းသမီး အန်ဆိုဟီးနှင့် တွဲနေသည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦး သည် အန်နာ၏ နေအိမ်တိုက်ခန်းတွင် အများဆုံး တွေ့ဖြစ်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ၎င်းတို့နှစ်ဦး၏ အေဂျင်စီဖြစ်သော KeyEast Entertainment က အဆိုပါသတင်းသည် မဟုတ် မှန်ကြောင်းနှင့် ကောလဟာသတင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကင်ဆိုဟွန်းနဲ့ အန်ဆိုဟီးတို့ တွဲနေတာ မဟုတ်ပါဘူး။ သူတို့နှစ်ဦးဟာ ရင်းနှီးတဲ့သူတွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့နှစ်ဦး တွဲနေတယ်ဆိုတာ မဟုတ်ပါဘူး” ဟု KeyEast အေဂျင်စီက အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

အန်ဆိုဟီးသည်  မကြာသေးမီက သရုပ်ဆောင်အလုပ်ကိ အဓိကာထား လုပ်ဆောင်ရန်အ တွက် KeyEast အေဂျင်စီနှင့် လက်မှတ် ရေးထိုးခဲ့သည်။ ဘေယောင်ဂျွန်း၊ ဟန်ရီဆူးလ်၊ အမ်ဂျောင် ဟွာ၊ ဂျိုဂျီဟွန်းနှင့် ကင်ဟွန်းဂျောင်တို့ အပါအဝင် နာမည်ကြီး မင်းသား မင်းသမီးများသည် KeyEast အေဂျင်စီနှင့် လက်မှတ် ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly