ကိုလံဘီယာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲအတွင်း ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ပွား

ကိုလံဘီယာ အစိုးရဆန့်ကျင်ဆန္ဒပြပွဲအတွင်း ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ပွား

နိုဝင်ဘာ ၂၂ ။         ။ ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာတွင် ယမန်နေ့က ဖြစ်ပွားသော အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုအတွင်း ဆန္ဒပြသူများနှင့် ရဲများ ထိပ်တိုက်တွေ့ပြီး ပဋိပက္ခအသွင် တိုက်ခိုက်မှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။

ယင်းနိုင်ငံတွင် သမ္မတ အိုင်ဗန် ဒူကွေး၏ လက်ယာယိမ်း အစိုးရ၏ မူဝါဒများအပေါ် ဆန့်ကျင်သည့် အထွေထွေ သပိတ်တစ်ခု ဆင်နွှဲနေလျက် ရှိစဉ် လက်ရှိ အခြေအနေများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

နိုဝင်ဘာ ၂၁ ရက်က ဘိုဂိုတာတွင် ထောင်သောင်းချီသော ကိုလံဘီယာပြည်သူများ စုရုံးပြီး ချီတက်ဆန္ဒပြခဲ့ကြစဉ် ရဲများနှင့် ထိပ်တိုက်တွေ့ခဲ့ကြခြင်း ဖြစ်သည်။

သမ္မတ ဒူကွေး ချမှတ်ထားသော စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ နိုင်ငံရေး မူဝါဒ လမ်းညွန်ချက်များအပေါ် ဆန့်ကျင်ကာ မတူညီသည့် နယ်ပယ်အသီးသီးမှ လူအုပ်စုများ စုပေါင်းပြီး အထွေထွေ သပိတ်တစ်ရပ် ဆင်နွှဲခဲ့ကြသည်။

ယင်းအုပ်စုအဖွဲ့များထဲတွင် သမဂ္ဂများ၊ ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား မျိုးနွယ်စုများ၊ အနုပညာရှင်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားများ၊ အတိုက်အခံ ပါတီများမှ စုပေါင်းပါဝင်နေလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly