ဆလီနာဂိုမက်ဇ်၏ Revival တေးသီချင်း အယ်လ်ဘမ် အမေရိကန် ဘေလ်ဘုတ် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

ဆလီနာဂိုမက်ဇ်၏ Revival တေးသီချင်း အယ်လ်ဘမ် အမေရိကန် ဘေလ်ဘုတ် တေးသီချင်း ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်

နယူးယော့ခ်၊ အောက်တိုဘာ ၂၀ ။.       ။ ပေါ့ပ်ကြယ်ပွင့် ဆလီနာဂိုမက်ဇ်၏ Revival တေးသီချင်း အယ်လ်ဘမ်သည် အမေရိကန် ဘေလ်ဘုတ် ၂၀၀ တေးသီချင်း အယ်လ်ဘမ်ဇယားတွင် ရက်ပ်အဆိုတော် The Game ကို ကျော်လွန် ကာ ထိပ်ဆုံးနေရာမှ ရပ်တည်လျက် ရှိသည်။

အသက် ၂၃ နှစ်အရွယ်ရှိ ဆလီနာ၏ Revival တေးသီချင်း အယ်လ်ဘမ်သည်  ယခုသီတင်း ပတ်ကုန် အောက်တိုဘာ ၁၅ ရက်က အချပ်ရေ ၈၅,၀၀၀ ချပ် ရောင်းချခဲ့ကြပြီး အပုဒ်ရေ ၁၉၈,၀၀၀ ပုဒ် ရောင်းချနိုင်ခဲ့သည့်အပြင် ကြည့်ရှု နားဆင်သူ ၁၈ ဒသမ ၅ သန်း ရှိခဲ့ကြောင်း Nielsen Sound Scan မှ ကောက်ယူရရှိသော ကိန်းဂဏန်းများအရ သိရသည်။

အမေရိကန် ဘေလ်ဘုတ် ၂၀၀ တေးသီချင်းဇယားသည် တေးသီချင်း အယ်လ်ဘမ် ရောင်းချ ရမှု၊ တေးသီချင်း ရောင်းချရမှုနှင့် ကြည့်ရှုနားဆင်သူ အရေအတွက်ကို တွက်ချက်ခြင်း ဖြစ်သည်။
ရက်ပ်အဆိုတော် The Game ၏ Documentary 2 တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် ၂ နေရာတွင် ရပ်တည်လျက် ရှိကြောင်းနှင့် ရက်ပ်အဆိုတော် The Weeknd ၏ Beauty Behind the Madness တေးသီချင်းသည် နံပါတ်တစ်နေရာမှ နံပါတ် ၃ နေရာကို ရောက်ရှိခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေသော ဂျနက်ဂျက်ဆင်၏ Unbreakable တေးသီချင်း အယ်လ်ဘမ်သည် ယခုသီတင်းပတ်တွင် နံပါတ် ၈ နေရာသို့ ရောက်ရှိခဲ့ သည်။ ယခုသီတင်းပတ် ထိပ်တန်း ၁၀ နေရာတွင် မင်းသမီးတစ်ဦးဖြစ်ပြီး ကန်ထရီးအဆိုတော် ဂျနာခ ရေမာ၏ Thirty One တေးသီချင်း အယ်လ်ဘမ် ပါဝင်လာပြီး နံပါတ် ၁၀ နေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly