ဆီးရီးယားတွင် ရုရှလေကြောင်းထိုးစစ်အတွင်း ၄၅ ဦးသေဆုံး

ဆီးရီးယားတွင် ရုရှလေကြောင်းထိုးစစ်အတွင်း ၄၅ ဦးသေဆုံး

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း သူပုန်သိမ်းပိုက်ရာနယ်မြေကို ရုရှလေကြောင်း ထိုးစစ်ဆင်ရာတွင် သေဆုံးသူဦးရေ ၄၅ ဦးရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့က ပြောသည်။

လာတာကီယာပြည်နယ် ဂျာဘယ်အယ်လ်အက်ကရတ်ဒေသတွင် အောက်တိုဘာ ၂၀ ရက် နေ့လယ်ချိန်ခန့်တွင် ရုရှစစ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်သည်။

သေဆုံးသူများတွင် အနောက်အုပ်စုကျောထောက်နောက်ခံပြုသည့် လွတ်လပ်သောဆီးရီးယားတပ်ဖွဲ့မှ တပ်မှူးနှင့် သူပုန်များ၏ မိသားစုဆွေမျိုးများလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရုရှက အိုင်အက်စ်ပစ်မှတ်များကိုသာ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော် ရုရှလေကြောင်းတိုက်ခိုက်ခဲ့ရာ ယင်းကမ်းခြေပြည်နယ်တွင် ဂျီဟတ်အိုင်အက်စ်အုပ်စုက မရှိသလောက်နည်းပါးကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရုရှလေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူပေါင်း ဒါဇင်ကျော်ရှိကြောင်း၊ ဒဏ်ရာပြင်းသူများ၍ သေဆုံးသူဦးရေလည်း ထပ်တိုးလာနိုင်ကြောင်း အမေရိကန်အခြေစိုက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌဖြစ်သူ ရာမီရတ်မန်းက ပြောခဲ့သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly