အစ္စရေးက ဆီးရီးယားရှိ စစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်

အစ္စရေးက ဆီးရီးယားရှိ စစ်ရေးပစ်မှတ်များကို လေကြောင်းတိုက်ခိုက်

တဲလ်အဗစ်၊ နိုဝင်ဘာ ၂၀။         ။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့အနီးက ဆီးရီးယားနှင့် အီရန် အကြမ်းဖက်ပစ်မှတ်များကို နိုဝင်ဘာ ၂၀ ရက်က လေကြောင်းထိုးစစ်ဆင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြုသည်။

ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ဆင်နွှဲခြင်းမှာ ပြီးခဲ့သည့်ရက်က ဆီးရီးယားဖက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်လာခြင်းကို လက်တုံ့ပြန်ခြင်းပဲ ဖြစ်သည်ဟု အစ္စရေးစစ်တပ် IDF က ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ ရက်က ဆီးရီးယားဖက်မှ အစ္စရေးဆီ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုသည် အီရန်၏ လက်ချက်ဖြစ်ကြောင်း IDF က အပြစ်ဆိုထားခြင်းဖြစ်သည်။

ယနေ့ နံနက် အစောပိုင်းနာရီတွင် မြို့တော် ဒမတ်စကပ်အပေါ် အစ္စရေးစစ်လေယာဉ်များ ထိုးစစ်ကြီး ဆင်နွှဲသည်ကို ဆီးရီးယား၏ လေကြောင်းရန်ကာစနစ်က ကြားဖြတ်ပစ်ချခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် မီဒီယာက ယနေ့အစောပိုင်းက သတင်းထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံတွင် ၂၀၁၁ ခုနှစ် ပြည်တွင်းစစ်ဖြစ်ချိန်မှစကာ အစ္စရေးသည် ဆီးရီးယားပိုင်နက်ထဲရှိ အီရန်စစ်ရေးတည်နေရာများကို လေကြောင်းထိုးစစ်ဆင်ခြင်း၊ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခြင်းများ မကြာခဏ ဆင်နွှဲခဲ့သော်လည်း ထုတ်ပြန်ပြောဆိုခြင်းက ရှားရှားပါးပါးပင် ဖြစ်သည်။

“ဆီးရီးယားပိုင်နက်ထဲမှ အီရန် Quds တပ်ဖွဲ့နှင့် ဆီးရီးယားစစ်တပ်များအား လေကြောင်းထိုးစစ်ကြီးများ ဆင်နွှဲခဲ့သည်။ ပြီးခဲ့သည့် ညက ဆီးရီးယားဖက်မှ အစ္စရေးဆီ ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းအား ယခုကဲ့သို့ အကြီးစား လေကြောင်းထိုးစစ်ဆင်ပြီး လက်တုံ့ပြန် တိုက်ခိုက်ခြင်းပင် ဖြစ်သည်။”ဟု IDF က တွစ်တာမှတစ်ဆင့် ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly