သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော် တိုင်းအစိုးရထံ ကန့်ကွက်လွှာတင်သွင်း

20 November 2019
သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော် တိုင်းအစိုးရထံ ကန့်ကွက်လွှာတင်သွင်း

သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော် တိုင်းအစိုးရထံ ကန့်ကွက်လွှာတင်သွင်း
************************************

 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်နှင့် ဒဂုံမြို့နယ် (တောင်ပိုင်း) မြို့နယ်များရှိ သိမ်းဆည်းခံမြေများအတွက် လယ်သမား ၉၀၀ ကျော်က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ကန့်ကွက်လွှာ တင်သွင်းခဲ့သည်။

အဆိုပါမြို့နယ်များရှိ မြေလွတ်၊မြေလပ်များဖြစ်နေသော သိမ်းဆည်ခံလယ်မြေများပေါ်တွင်စိုက်ပျိုးရေး စက်မှုဇုန်များတည်ထောင်ခြင်း၊ ရောင်းချခြင်းကိစ္စရပ်တို့အားကန့်ကွက်ခြင်းနှင့် သိမ်းဆည်းခံ လယ်ယာ မြေများပေါ်တွင် ပြန်လည်ခွဲဝေလုပ်ကိုင်နိုင်ခွင့် ပုံစံ (၁) လျှောက်ထားရန်အတွက် ဒေသခံကျေးရွာ လယ်သမား ၉၇၅ ဦးမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို ကန့်ကွက်လွှာတင်သွင်းခဲ့ခြင်း ဖြစ်သည်။

သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63149
ရိုက်ကူး/တည်းဖြတ် - ဟိန်းသက်ဦး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly