MLBB World Championship 2019 (M1) မှာ EOVS Legends က အနိုင်ရရှိခဲ့ခြင်း

MLBB World Championship 2019 (M1) မှာ EOVS Legends က အနိုင်ရရှိခဲ့ခြင်း

ကွာလာလမ်ပူ ၊ ၁၉ နိုဝင်ဘာ ၂၀၁၉ - Shanghai Moonton Technology က အွန်လိုင်းအားကစားပြိုင်ပွဲတစ်ခု ဖြစ်တဲ့ Mobile Legends: Bang Bang (MLBB) ကမ္ဘာ့ချန်ပီယံပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ်ကျင်းပခဲ့ခြင်း ဖြစ်သည်။

M1 ပွဲ အဖြစ် လူအသိများတဲ့ အဆိုပါ ပြိုင်ပွဲမှာ ဆုကြေးအဖြစ် ဒေါ်လာ ၂၅၀,၀၀၀ ချီးမြင့်မှာ ဖြစ်ပါတယ်။

Mobile Legends: Bang Bang Professional League (MPL) မှ အသင်း (၈)သင်း နှင့် M1 qualifiers အသင်း(၈)သင်းတို့ကို ဖိတ်ခေါ်ပြီး top 16 MLBB ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နိုဝင်ဘာ (၁၁)မှ (၁၄)ရက်နေ့တွင် ထို ကစားသမား (၁၆)ဦးသည် Group Stage တွင် အချင်းချင်း ယှဉ်ပြိုင်ကစားပြီးနောက် အနိုင်ရရှိသည့် အသင်း (၈)သင်းကို ၂၀၁၉ နိုဝင်ဘာ (၁၅)ရက် မှ (၁၇)ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ Axiata Arena မှာ Grand Stage ကို ယှဉ်ပြိုင်ကစားကြရပါတယ်။ 

Group Stage ယှဉ်ပြိုင်မှုမှာ အနိုင်ရရှိခဲ့တဲ့ အသင်း(၈)သင်းများမှာ Rex Regum Qeon (RRQ) (Indonesia), EVOS Legends (Indonesia), VEC Fantasy Main (Vietnam), Burmese Ghouls (Myanmar), Axis Esports (Malaysia), Todak (Malaysia), Sunsparks (Philippines) and 10second Gaming + (Japan) တို့ ဖြစ်ပါတယ်။

EVOS Legends သည် ၄ မှတ် RRQ အသင်းသည် ၃ မှတ်ဖြင့် MLBB ကမ္ဘာ့ချန်ပီယံတွင် EVOS Legends က ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၈၀ ၀၀၀ ကို ရရှိခဲ့ပါတယ်။

“ ကျွန်တော်တို့ ရည်ရွယ်ချက်သည် MLBB နဲ့ E-sports ဝါသနာပါသူများကို M1 မှတဆင့် အိပ်မက်တွေကို အကောင်အထည် ဖော်ပေးခြင်း ဖြစ်ပါတယ်။ အခုဆိုရင် သူတို့ အိမ်မက်အတွက် ကြိုးစားအားထုတ်ကြပြီး ထူးချွန်တဲ့ ကစားသမားများကိုလည်း မျက်မြင်တွေ့ရှိပြီးဖြစ်ပါတယ်။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာကို တန်ဖိုးထားတတ်ဖို့ နဲ့ ဖြစ်ချင်တဲ့ အိမ်မက်တွေကို နားလည်သိရှိဖို့အတွက် ကျွန်တော်က တွန်းအားပေးချင်တာပါ။ E-sport တိုးတက်ဖွံ့ဖြိုးရေးအတွက်လည်း M1 မှတဆင့် ကျွန်တော်တို့ ကူညီပံ့ပိုးပေးချင်တာဖြစ်ပါတယ်” လို့ Justin Yuan, CEO of Shanghai Moonton Technology မှ ပြောခဲ့ပါတယ်။

M1တွင် MLBB ပြိုင်ပွဲများသာ ကျင်းပနေခြင်း မဟုတ်ဘဲ တခြား အစီအစဉ်များလည်း ကျင်းပခဲ့ပါတယ်။ Malaysia's Minister of Youth and Sports ဖြစ်တဲ့ YB Tuan Syed Saddiq က Grand Final day မှာ M1ကို တက်ရောက်အားပေးခဲ့ပါတယ်။ နာမည်ကျော် မလေးရှားအဆိုတော်အဖွဲ့  K-Clique လည်း ဒုတိယနေ့မှာ ဖျော်ဖြေပေးခဲ့ပြီး Grand Final day မှာ Cosplayers များကလည်း cosplay များ ပြသခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်လာ ၁၄၄၀၀၀ ကျော် တန်ဖိုးရှိတဲ့ item ၁၈ဝဝဝကို (၃)ရက်လုံးပွဲတက်ရောက်ခဲ့သူများကို ကံစမ်းမဲဖောက်ပေးခဲ့ပါတယ်။ 

M1ကို Shanghai Moonton Technology Co., Ltd က စီစဉ်ကျင်းပခဲ့ပြီး စပွန်ဆာအဖြစ် U Mobile live stream partner အဖြစ် YouTube Gaming. M1 ပွဲစဉ်အားလုံးကို https://www.facebook.com/mobilelegendsgame/ မှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ 

ကမ္ဘာ့ချန်ပီယံပွဲမှာ MLBB က ပါဝင် ကျင်းပခဲ့ပြီဖြစ်သော်လည်း ကျရောက်လာတော့မယ့် 2019 SEA Games ပွဲမှာပါ ပထမဆုံး E-sport medal events အဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။ (၃၀)ကြိမ်မြောက် SEA Games ကို ဖီလစ်ပိုင်နိုင််ငံမှာ ကျင်းပမှာ ဖြစ်ပြီး နိုဝင်ဘာလ (၃၀) မှ ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ E-sports medal events ကတော့ ဒီဇင်ဘာလ (၅)ရက်နေ့မှ (၁၀)ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။ MLBB သည် Esports လောကတွင် ပထမဆုံး SEA Games မှာ ပါဝင်ကစားခြင်းလည်း ဖြစ်ပါတယ်။

###
Shanghai MOONTON Technology Co. Ltd အကြောင်း

MOONTON ကုမ္ပဏီကို ၂၀၁၄ ခုနှစ် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စတင်တည်ထောင်ခဲ့ပါတယ်။ အခုချိန်မှာတော့ MOONTON မှာ ဝန်ထမ်း (၃၀၀)ကျော်ဖြင့် China၊ Turkey၊ Russia၊ the United States၊ Kazakhstan၊ Myanmar၊ Malaysia၊ Indonesia နှင့် Singapore မှာ လုပ်ကိုင်လျက်ရှိပါတယ်။ MOONTON က မိုဘိုင်းဂိမ်းစျေးကွက်ကို အဓိက ဦးတည်ပြီး ဂိမ်းအမျိုးမျိုးကို တီထွင်လျက်ရှိပါတယ်။ MOONTON သည် တရုတ်နိုင်ငံတွင် နာမည်ကျော်ကြားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံခြားဂိမ်းကစားသမား အများအပြားရရှိထားတဲ့ နံပါတ်(၁)ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Mobile Legends: Bang Bang က အခုချိန်တွင် နာမည်ကျော်ကြားတဲ့ ဂိမ်းတစ်ခု ဖြစ်ပြီး ကမ္ဘာ့တဝှမ်းရှိ မိုဘိုင်းဂိမ်းလောကတွင် ဦးဆောင်လျက်ရှိပါတယ်။ 

Mobile Legends: Bang Bang အကြောင်း

Mobile Legends: Bang Bang သည် ကမ္ဘာ့တဝှမ်းရှိ မိုဘိုင်းဂိမ်းလောကတွင် နာမည်အကျော်ကြားဆုံး မိုဘိုင်းဂိမ်း ဖြစ်ပါတယ်။ ထို ဂိမ်းကို install လုပ်သူ သန်း (၅၀၀)ကျော် ရှိပြီး လစဉ် အသုံးပြုသူ ဦးရေ သန်း(၇၅)ကျော်ရှိပြီ ဖြစ်ပါတယ်။ နိုင်ငံ (၈၀)ကျော်မှ top 10 rank ကို ရောက်ရှိပြီးပြီ ဖြစ်ပါတယ်။ ကမ္ဘာ့တဝှမ်းရှိ မိုဘိုင်းဂိမ်းလောကတွင် အများဆုံးမိုဘိုင်းဂိမ်းကစားတဲ့ နိုင်ငံများမှာ အရှေ့တောင်အာရှနိုင်ငံ၊ အရှေ့အလယ်ပိုင်းဒေသ နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ပါတယ်။ Mobile Legends: Bang Bang သည် (၁၃၉) နိုင်ငံအထိ ရောက်ရှိနေပြီ ဖြစ်ပြီး ဘာသာစကားပေါင်း (၂၅) မျိုး နှင့် (၁၂၀၀) servers ဖြင့် ထို ဂိမ်းကို အဆင်ပြေ ချောမွေ့စွာ ကစားနိုင်ရန် လုပ်ဆောင်ပေးထားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly