ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီးအား သောင်းသောင်းဖြဖြ ကြိုဆို

ထိုင်းနိုင်ငံသို့ ရောက်ရှိလာသည့် ပုပ်ရဟန်းမင်းကြီးအား သောင်းသောင်းဖြဖြ ကြိုဆို

ဘန်ကောက်၊ နိုဝင်ဘာ ၂၀ ။        ။ ထိုင်းနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က နိုဝင်ဘာ ၂၀ ရက်တွင် စတင်ရောက်ရှိလာရာ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်အနေဖြင့် အာရှနှစ်နိုင်ငံခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ စတင်ခြေချလာခြင်းပဲဖြစ်ကာ ထိုင်းခရီးစဉ်ပြီးပါက ဂျပန်နိုင်ငံဆီ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပုပ်ရဟန်းမင်းကြီးသည် နေ့လယ်ပိုင်း၌ စတင်ရောက်ရှိပြီး ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များစွာ နေထိုင်ရောက်ရှိနေသည့် ၎င်း၏ ညီမဖြစ်သူ စစ္စတာ အန်နာရိုဆာနှင့် တွေ့ဆုံသည်။

“ကိုယ်တော်အနေနဲ့ သင်ကိုတွေ့ရတာ စိတ်ပျော်ရွှင်မိပါတယ်။ ထိုင်းခရီးစဉ်မှာ သင်ဟာ ကိုယ်တော်အတွက် စကားပြန်အဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။”ဟု ပုပ်ရဟန်းမင်းကြီးက ၎င်း၏ ညီမဖြစ်သူ စစ္စတာအား မိန့်ကြားသည်။

ပုပ်ရဟန်းမင်းကြီး ယခုကဲ့သို့ ရောက်ရှိလာရာတွင် လူ ဒါဇင်များစွာက ထိုင်းအလံနှင့်ဗာတီကန်အလံများကို ဝှေ့ယမ်းပြီး သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။

ထိုင်းခရီးစဉ်ပြီးနောက် သွားရောက်မည့် ဂျပန်ခရီးစဉ်၌ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး မိန့်ကြားသွားရန် စီစဉ်ထားသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly