မီးခိုးဖုံးလွှမ်းခြင်းကြောင့် မလေးရှားပြည်နယ်အချို့ရှိ စာသင်ကျောင်းများဆက်လက်ပိတ်ထား

မီးခိုးဖုံးလွှမ်းခြင်းကြောင့် မလေးရှားပြည်နယ်အချို့ရှိ စာသင်ကျောင်းများဆက်လက်ပိတ်ထား

မလေးရှားနိုင်ငံတွင် ကူလာလမ်ပူ၊ ဆီလန်ဂေါ၊ ဆာဘတ်ရှ်နှင့် ပီရတ်အပါအဝင် နယ်မြေဒေသအချို့သည် စာသင်ကျောင်းများကို မီးခိုးမြူဖုံးလွှမ်းမှုကြောင့် အောက်တိုဘာ ၂၁ ရက်အထိပါ ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက အကြံပြုပြီဖြစ်သည်။

ကူလာလမ်ပူ၊ ဆီလန်ဂေါ၊ ပူတရာဂျာရာ၊ ကူချင်း၊ ဆမ်ရာဟန်တို့အပါအဝင် ဒေသတော်တော်များများက ကျောင်းများကို ပိတ်ရန်အတွက် ပညာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သည်။

"မီးခိုးဖုံးလွှမ်းမှု ပြဿနာကြောင့် ပိတ်ရမည့်ကျောင်းပေါင်း ၂၅၂၈ ရှိပြီး ကျောင်းသာကျောင်းသူပေါင်း ၁၇၃၄၆၆၈ က ကျောင်းတက်ရောက် မပြုရမည်ဖြစ်ကြောင်း"ဟု ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖောြ်ပထားသည်။

ညနေ ၄ နာရီတိုင်အောင် မီးခိုးဖုံးလွှမ်းမှုအခြေအနေအား စောင့်ကြည့်ခဲ့ပြီး မီးခိုးဖုံးရာဒေသများ၏ လေထုညစ်ညမ်းမှုညွန်းကိန်းသည် ကျန်းမာရေးကို ထိခိုက်စေသည့် အဆင့်တွင် ရောက်နေကြောင်း ပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။

သို့သော် မာလာကာနှင့် နီဂီရီဆမ်ဘီလန်တို့ရှိ ကျောင်းများက အောက်တိုဘာ ၂၀ ရက်အထိသာ ပိတ်ခဲ့ပြီး  အောက်တိုဘာ ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ကြမည်ဖြစ်သည်။

Ref ; CNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly