ယာဉ်စီးခနှုန်းထားနှင့် နည်းပညာ အခက်အခဲတချို့ကြောင့် YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ငွေပေးချေစက်များ မတပ်ဆင်ရသေး

ယာဉ်စီးခနှုန်းထားနှင့် နည်းပညာ အခက်အခဲတချို့ကြောင့် YBS ယာဉ်များတွင် ကတ်စနစ်ဖြင့် ငွေပေးချေစက်များ မတပ်ဆင်ရသေး

ရန်ကုန်၊ နိုဝင်ဘာ ၂၀။            ။ ယာဉ်လိုင်းလေးခုရှိ YBS ကားအစီးရေ (၁၅၀၀)ကျော်တွင် ကတ်စနစ်ကို  အောက်တိုဘာလတွင် အပြီးတပ်ဆင် ရန် စီစဉ်ထားသော်လည်း ယာဉ်စီးခနှုန်းထား ကောက်ခံမှု၊ နည်းပညာပိုင်း၊ တာဝန်ယူရမယ့်အပိုင်းများ ညှိနှိုင်း နေသောကြောင့် မတပ်ဆင်ရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

နိုဝင်ဘာလ(၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTAရုံး၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တပ်ဆင်ခြင်းအပိုင်း၊ အသုံးပြုမှုအပိုင်းရှိတယ်။ ဒီယာဉ်တွေပေါ်မှာ တပ်ထားမယ်။မသုံးစွဲသေးဘူးဆိုရင် ဘယ် သူကနေ ဘာတာဝန်ယူမယ်။ ဥပမာ တပ်ထားပြီး ဝါယာကြိုးတွေ ကြွက်ကိုက်သွားတယ်။ လည်ပတ်လို့ မရဘူး၊ ဒါဆို ဘာဖြစ်မလဲ ဒီလိုလုပ်ငန်းပိုင်းဆိုင်ရာ အသေးစိတ်တွေကို ရှင်းရှင်းလင်းလင်း သူ့တာဝန် ကိုယ့်တာဝန် ဖြစ်အောင် ပြန်တင်နေတာ”  ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ဆိုသည်။

ပထမအသုတ်အဖြစ်YBPC ၊YUPT ၊ ဗန္ဓုလနှင့်ရွှေတောင်ပိုင်း ကုမ္ပဏီလေးခုရှိယာဉ်စီးရေ ၁၅ဝဝ တွင် စတင်အသုံးပြုနိုင်မည်ဖြစ် ကြောင်း၊ ဒုတိယအသုတ်အဖြစ် တရုတ်နိုင်ငံထုတ် Fonton အစီး ရေတစ်ထောင်နှင့်ရန်ကုန်မြို့ပတ် ပြေးဆွဲနေသော Scania ၃၉ စီး အပါအဝင်စုစုပေါင်း ၁ဝ၃၉ စီး အား ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလ ဆန်းတွင် တပ်ဆင်ပြီးစီးမည်ဖြစ် ကြောင်းသိရသည်။

“ဥပမာပြောရရင် ကားတွေမှာ GPS တပ်တုံးကလည်း ဒီလိုပဲ ညှိနှိုင်းရတာပဲ၊ ဒီကိစ္စကလည်း ကျွန်တော်တို့ ပြောချင်နေတဲ့ ကိစ္စပါ။ သည်းခံစောင့်ပေးကြပါ” လို့ ဦးလှအောင်က ဆိုသည်။

မထသဘတ်စ်ကားစနစ်မှ YBS စနစ်သို့ စတင်ပြောင်းလဲပြီး (၂)နှစ်ကျော် ကာလအတွင်း ပြည်သူများ ဘတ်စ်ကားစီးနင်းရာတွင် လွယ်ကူမှုရှိစေမည့် ကတ်စနစ်နဲ့ ငွေပေးချေနိုင်ရန် ဆောင်ရွက်နေသည်။

လက်ရှိတွင် YBS ယာဉ်လိုင်း(၁၀၀)ကျော် ရှိပြီး ရန်ကုန်မြို့ရှိ ခရီးသည်(၂.၈)သန်းကို ဝန်ဆောင်မှုပေးနေ ကြောင်း သိရသည်။ 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags