ပိုချက်တီနိုကို ပေါင်သန်း (၂၀)နီးပါး ပေးချေရတဲ့ စပါး

ပိုချက်တီနိုကို ပေါင်သန်း (၂၀)နီးပါး ပေးချေရတဲ့ စပါး

မန်ယူအသင်းက မော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့ လျော်ကြေးနီးပါးရှိ

ပိုချက်တီနိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဟာ တော့တင်ဟမ်းအသင်းထံကနေ ပေါင်သန်း (၂၀) (ဒေါ်လာ ၂၅.၈ သန်း)နီးပါး ပေးချေမှုရရှိခဲ့တယ်လို့ Mirror သတင်းစာက ဆိုပါတယ်။

၂၀၁၈ ခုနှစ်၊ မေလက ချုပ်ဆိုခဲ့တဲ့ (၅)နှစ်စာချုပ်သစ်အရ စပါးက အားလုံးကို လျော်ကြေးပေးချေသွားတာဖြစ်ပါတယ်။

ပိုချက်တီနိုကတော့ အသင်းမှာ (၅)နှစ်ကြာ ကိုင်တွယ်ပြီးနောက် လျော်ကြေးငွေ ပေးချခြင်းမရှိဘဲ ထုတ်ပယ်ခံရမှာကို ငြင်းပယ်ခဲ့ပါတယ်။

ပိုချက်တီနိုနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေကို ထုတ်ပယ်ဖို့ စုစုပေါင်းကုန်ကျစရိတ်ဟာ ဒီနှစ်အစောပိုင်းက ဟိုဆေးမော်ရင်ဟိုကို ထုတ်ပယ်ဖို့ မန်ချက်စတာယူနိုက်တက်က ပေးချေခဲ့တဲ့ စာချုပ်လျော်ကြေး ပေါင် (၁၉.၆)သန်း (ဒေါ်လာ ၂၅.၃)သန်းနဲ့ နီးစပ်နေနိုင်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly