ဂျပန်၏ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသည့် ရှင်ဇို အာဘေး

ဂျပန်၏ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသည့် ရှင်ဇို အာဘေး

နိုဝင်ဘာ ၂၀။         ။ ဂျပန်နိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် နိုဝင်ဘာ ၂၀ ရက်တွင် နိုင်ငံ၏ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် တရားဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၀ ရက်သည် မစ္စတာ အာဘေး ဂျပန် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သည့် ရက်ပေါင်း ၂,၈၈၇ ရက် ပြည့်မြောက်သည့် နေ့လည်း ဖြစ်သည်။

ယင်းအတွက်ကြောင့် မစ္စတာ အာဘေးအနေဖြင့် ယခင် ဝန်ကြီးချုပ်ဟောင်း တာရို ခ့ါစုရ တင်ထားနိုင်ခဲ့သည့် ယခင် စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အလားတူ အသက် ၆၅ နှစ်ရှိ ဝန်ကြီးချုပ် အာဘေးသည် စက်မှုဖွံ့ဖြိုးပြီး ဂျီ-၇ နိုင်ငံများအုပ်စုထဲတွင်လည်း ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် ပြီးရင် ဒုတိယမြောက် သက်တမ်းအရှည်ဆုံး ခေါင်းဆောင်အဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့သည်။

မစ္စတာ အာဘေးအနေဖြင့် ယခုကဲ့သို့ နိုင်ငံ၏ သက်တော်ရှည် ဝန်ကြီးချုပ် ဖြစ်လာခဲ့သော်လည်း ၎င်း၏ ရည်မှန်းချက် ပန်းတိုင် အများအပြားမှာ အပြည့်အဝ အကောင်အထည်ပေါ်လာနိုင်ရန် အလှမ်းဝေးကွာနေလျက် ရှိသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly