ဟစ်တလာဆောင်းခဲ့သည့် ပွဲတက်ဦးထုပ်နှင့် နာဇီအသုံးအဆောင်ပစ္စည်းများ မြူးနစ်တွင်လေလံတင်ရောင်းချ

ဟစ်တလာဆောင်းခဲ့သည့် ပွဲတက်ဦးထုပ်နှင့် နာဇီအသုံးအဆောင်ပစ္စည်းများ မြူးနစ်တွင်လေလံတင်ရောင်းချ

ဘာလင်၊ နိုဝင်ဘာ ၂၀။          ။ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာဆောင်းခဲ့သည့် ပွဲတက်ဦးထုပ်မြင့်နှင့် အခြား နာဇီအသုံးဆောင်ပစ္စည်း များကို မြူးနစ်မြို့ရှိ လေလံတင်ပစ္စည်းများရောင်းချသည့် ဟာမန်ဟစ္စတိုးရိက အဆောက်အအုံတွင် နိုဝင်ဘာ ၂၀ ရက်၌ လေလံတင်ရောင်းချသွားမှာဖြစ်ပြီး တတိယဂျာမန်အင်ပါယာခေတ်က ပစ္စည်းပေါင်း ၁၄၇ မျိုး ပါဝင်မည်ဖြစ်သည်။

လေလံတင်မည့်ပစ္စည်းများထဲတွင် ဟစ်တလာ၏ ပွဲတက်ဦးထုပ်မြင့်၊ ဟစ်တလာဇနီး အီဗာဘရောန်၏ ဝတ်စုံများ နှင့် ဟစ်တလာ၏ ငွေရောင်စာအုပ်မျက်နှာဖုံးနှင့်ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် တို့ပါဝင်ပြီး လေလံပွဲကို ဂျူးလူမျိုးခေါင်းဆောင်များက ကန့်ကွက်ခဲ့ကြသည်။

ဉရောပဆိုင်ရာ ဂျူးလူမျိုးမျာအဖွဲ့အစည်း ဉက္ကဋ္ဌ ရာဘိုင်မာဂိုလင်က အဆိုပါပစ္စည်းများကို လေလံတင်ရောင်းချပွဲ မှ ရုပ်သိမ်းပေးရန် စာရေးပြီးတောင်းဆိုခဲ့သည်။

အဆိုပါအမှတ်တရပစ္စည်းများသည် စစ်မှန်သည့်သဘာဝနှင့်သက်ဆိုင်သည့်သမိုင်းတန်ဖိုးမရှိသလောက်ဖြစ်ပြီး ဥရောပကို ဆိုးကျိုးဖြစ်စေသည့်လုပ်ရပ်များကို တရားမျှတကြောင်းပြသချင်သူများနှင့် ချီးမွမ်းခန်းဖွင့်ချင်သူများ ကသာ ဝယ်လိမ့်မည်ဖြစ်ကြောင်း၊ ၎င်းလေလံပွဲသည် တရားမဝင်ကြောင်းနှင့် ကျင်းပရန်မသင့်ကြောင်း မာဂိုလင်က ပြောကြားခဲ့သည်။

လေလံတင်ပစ္စည်းများထဲတွင် နာဇီထိပ်တန်းခေါင်းဆောင်များဖြစ်ကြသည့် ဟာမန်ဂိုးရင်းနှင့် ယော့ဆက်ဖ် ဂါဘယ်လ်တို့၏ ပစ္စည်းများလည်းပါဝင်ပြီး ပစ္စည်းအတော်များများကို ဒုတိယကမ္ဘာစစ်နောက်ဆုံးနေ့ရက်များက အမေရိကန်စစ်သားများမှ သိမ်းဆည်းသွားခဲ့ကြခြင်းဖြစ်သည်။  

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly