တပ်ကပြန်ပေးသည့်မြေများကိုရန်ကုန်တိုင်းအစိုးရက ပိုင်ရှင်ထံအမြန်ဆုံးခွဲဝေပေးရန်အစီစဉ်ရှိ၊မရှိ ကြံ့ခိုင်ရေးအမတ်မေးခွန်းထုတ်

တပ်ကပြန်ပေးသည့်မြေများကိုရန်ကုန်တိုင်းအစိုးရက ပိုင်ရှင်ထံအမြန်ဆုံးခွဲဝေပေးရန်အစီစဉ်ရှိ၊မရှိ ကြံ့ခိုင်ရေးအမတ်မေးခွန်းထုတ်

နေပြည်တော်၊ နိုဝင်ဘာ ၁၉။           ။ ရန်ကုန်တိုင်းအတွင်းတပ်မတော်အစိုးရလက်ထက်ကသိမ်းဆည်းခဲ့သည့် မြေယာများထဲမှ တစ်ချို့ကို ပြန်ပေးပြီး ဖြစ်သော်လည်း လက်ရှိရန်ကုန်တိုင်းအစိုးရကမူလပိုင်ရှင်များထံ တိုက် ရိုက်ပြန်မပေး သေး သည့်အပေါ် အတိုက်အခံပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမတ်က မေးခွန်းထုတ် ခဲ့သည်။

ရန်ကုန်တိုင်းအတွင်းရှိ စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းရှိ မြေများကို ရန်ကုန်တိုင်းအစိုးရက ပိုင်ရှင်များ ထံ ပြန်မပေးသေးသည့်အပေါ်သိလိုကြောင်း မင်းကင်းမြို့နယ်မှပြည်သူ့လွှတ်ေတာ်အမတ် ဦးမောင်မြင့် ကနိုဝင်ဘာလ ၁၉ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင်မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။

“စမ်းကြီးဝမှာ တပ်မတော်က စွန့်လွတ်မြေ ၇၀၀ ကျော်နဲ့ သမ္မတကြီးဦးသိန်းစိန်အစိုးရလက်ထက်မှာ ပိုင်ရှင် ၁၈ ဦးကို ၉၂ ဧကေကျော်ပြန်လည်ပေးအပ်ပြီးဖြစ်ပါတယ်။ကျန်တာစုစုပေါင်း၆၀၀ကျော်ပဲ ဖြစ်ပါတယ်။ လက်ရှိ  အစိုးရကာလမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအေနနဲ့တပ်မတော်ကပြန်အပ်ထား တဲ့မြေ တစ်ဧကတောင်မှပိုင်ရှင်ဆီ ပြန်မပေးသေးပါဘူး။စာရင်းဇယား ရှုပ်ထွေးမှုကိုအကြောင်းပြရှင်း နေတာကို ရှုပ်အောင်လုပ်ပြီးတော့မှ သမ္မတရုံးကမူအားဖြင့်ခွင့်ပြုထားတဲ့မြေပိုင်ရှင်၂၀၊တိုင်းအစိုးရ ၈ဝ ခွဲဝေယူမယ်ဆိုတဲ့ အစီအစဉ်ကို သွတ်သွင်းပြီးတော့မှ လုပ်ပိုင်ခွင့်ကို အမြတ်ထုတ်အသုံးချ ပြည်သူကို အနိုင်ကျင့်နေတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်”ဟု ဦးမောင်မြင့်က ပြောသည်။

သမ္မတရုံးသို့ တင်ပြသည့်စာတွင် တောင်သူ ၂ဝရာခိုင်နှုန်း၊ တိုင်းအစိုးရက၈ဝရာခိုင်နှုန်း ခွဲဝေယူရန် တင်ပြသောမြေထဲ၌စမ်းကြီးဝနှင့် ထောက်ကြံ့ကွင်းမှာ မပါကြောင်း ဦးမောင်မြင့်က ထပ်လောင်း ပြောကြားသည်။

အဆိုပါ မေးခွန်းကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က လာရောက် ဖြေကြားခဲ့ပြီး

“အဆိုပါ သိမ်းဆည်းမြေများ၏ ၂ဝရာခိုင်နှုန်းကို တောင်သူများသို့လည်းကောင်း၊ ၈ဝရာခိုင်နှုန်းကို နိုင်ငံတော်စီမံကိန်းများအတွက်လည်းကောင်းခွင့်ပြုဆောင်ရွက်ခြင်းသည်လက်ရှိအစိုးရထက်တွင် ဆောင်ရွက်မည့် မြို့သစ်စီမံကိန်းများ၊စက်မှုဇုန်စီမံကိန်းများနှင့်ငါး/ပုစွန်မွေးမြူရေး စီမံကိန်းများ အတွက်မြေသိမ်းကိစ္စရပ်များဆောင်ရွက်ရာတွင် သဘောတူညီမှုရရှိသည့်တောင်သူများ၏မြေယာများ ကိုသာညှိုနှိုင်း၍ ဆောင်ရွက် ခြင်းဖြစ်တယ်လို့သိရပါတယ်။ယခင်သိမ်းဆည်မြေများအပေါ်မူလ တောင်သူများသို့ မြေပြန်လည်ပေးအပ်တဲ့လျော်ကြေးပေးအပ်တဲ့ကိစ္စရပ်များနဲ့ သက်ဆိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုး ရအဖွဲ့ရဲ့တင် ပြချက်အရသိရပါတယ်”ဟု ဆိုသည်။

ယခင်အစိုးရနှင့်တပ်မတော်ကသိမ်းခဲ့သော မြေများကိုသိမ်းဆည်းခဲ့သည့်ပမာဏအတိုင်း ပြန်လည် ပေးအပ်ရန်နှင့် လက်ရှိသိမ်းဆည်းခဲ့သောမြေများအပေါ်တွင် ရာခိုင်နှုန်းနဲ့အချိုးနှင့်လုပ်ရမည် ဖြစ်ကြောင်း မင်္ဂလာဒုံမဲ ဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။

“ကျွန်တော်တို့ ဒီရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျွန်တော်အင်းစိန်ခရိုင်ရုံးမှာခေါ်ပြီးတော့ ကျွန်တော်နဲ့ကျန်တဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ပါပြီး တော့ တရားဝင်အစည်းအဝေး လုပ်ပြီးတော့ ပြောတဲ့အချိန်မှာ ဒီမြေတွေကို သူတို့က သမ္မတရုံးက ညွှန်ကြားချက်နဲ့ လုပ်တယ်ဆိုတဲ့ပုံစံမျိုးကို ခြိမ်းခြောက်ပြီးတော့ပြောတယ်။ ဒါကတော့ ကျွန်တော်တို့ အစည်း အဝေး တက် တဲ့လူတိုင်းအကုန်သိတယ်ပေါ့နော်။အဲ့တာ က ကျွန်တော်တို့က ထင်နေတာက ဒီရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကနိုင်ငံတော် သမ္မတဆီကနေပြီးတော့ ခွင့်ပြုချက်တစ်စုံတရာ ရထားတယ်ပေါ့။ ၂၀ ရာ  ခိုင်နှုန်း ၈၀ ရာခိုင်နှုန်းလုပ်ဖို့ အတွက်သူ့မှာ ခိုင်မာတဲ့ညွှန်ကြားချက် တစ်ခုရထားတယ်လို့ ကျွန်တေ်ာထင်ခဲ့တာ။ဒီနေ့ကျမှ သမ္မတရုံးကဖြေသွားတဲ့အခါမှာနောက်ထပ်လုပ်မယ့် မြေတွေလယ်သမားတွေနဲ့ ညှိုနှိုင်းပြီးတော့ ၂၀ ရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းကို လုပ်ရမယ်ဆိုတာ ကျွန်တော် အခုမှ သိတာပေါ့နော်။ဒါက ပထမဆုံး စပြီးတော့ လွဲမှားတာပေါ့။ ကျွန်တော်တို့ အဲ့တာကို ရှင်းရှင်းလင်းလင်း တစ်ခါမှမပြောဘူး”ဟု ဦးအောင်လှိုင်ဝင်းက ပြောသည်။

လက်ရှိတွင် အစိုးရလက်ထက်နှစ်ခုအတွင်း လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ဗဟိုကော်မတီမှ လွှဲပြောင်းပြီးဧကပေါင်း ငါးသိန်းကျော်ရှိပြီး လွှဲပြောင်းရန် ကျန်ရှိကာ စိစစ်ဆဲမြေဧက ၁၇ဝဝဝကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly