တီရယ်ထန်နှင့် ရင်ဆိုင်မည့် Kim Woon Kyoum အကြောင်း တစေ့တစောင်း

တီရယ်ထန်နှင့် ရင်ဆိုင်မည့် Kim Woon Kyoum အကြောင်း တစေ့တစောင်း

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်၏ နောက်ဆုံးပိတ်ပြိုင်ပွဲအ ဖြစ် ONE: MARK OF GREATNESS ပြိုင်ပွဲကို ဒီဇင်ဘာ ရက်တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားရုံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ်အတွင်း ONE က ၂၁ ကြိမ်မြောက်ပြုလုပ်သည့် ပြိုင်ပွဲဖြစ်ပြီး မလေးရှား နိုင်ငံတွင် ဒုတိယအကြိမ်မြောက်ပြုလုပ်သည့် ပြိုင်ပွဲလည်းဖြစ်သည်။ လက်ရှိတွင် ပါဝင်မည့်တွဲဆိုင်း ၁၂ ဆိုင်းကို အတည်ပြုထုတ်ပြန်ထားပြီး ONE ဘန်တန်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲ၊ ONE စတောဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံလုပွဲ တွဲဆိုင်းများက အဓိက ခေါင်တွဲဆိုင်းများဖြစ်သည်။

 

အဆိုပါတွဲဆိုင်း ဆိုင်းမှာ ကမ္ဘာ့ချန်ပီယံခါးပတ်ပေးအပ်ရန် စီစဉ်တင်ဆက်ထားခြင်းဖြစ်ပြီး ONE ဘန်တန်ဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံတွဲဆိုင်းအဖြစ် ရုရှားအားကစားသမား Alaverdi “Babyface Killer” Ramazanov နှင့် တရုတ်အားကစားသမား “Muay Thai Boy” Zhang Chenglong တို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်သည်။ ဒုတိယခေါင်တွဲဆိုင်း ONE စတောဝိတ်တန်း ကစ်ဘောက် ဆင် ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ONE ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံဟောင်း ထိုင်းအားကစားသမား Sam-A Gaiyanghadao နှင့် တရုတ်အားကစားသမား “Golden Boy” Wang Junguang တို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စား ပြုယှဉ်ပြိုင်မည့် တစ်ဦးတည်းသော အားကစားသမားက “Dragon Leg” တီရယ်ထန် ဖြစ်ပြီး တောင်ကိုရီးယားအားကစားသမား Kim Woon Kyoum နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ချင်းပြည်နယ် နပမ်းချန်ပီယံဆုကို ကြိမ်ရဖူးသော ချင်းတိုင်းရင်းသား တီရယ်ထန်းသည် ONE အဖွင့်ပွဲစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ မတ်လ ရက်က ရန်ကုန်မြို့တွင် ကမ္ဘောဒီးယားအားကစားသမား Rin Saroth နှင့်ရင်ဆိုင်ခဲ့ရာ မှတ်ဖြင့် အနိုင်ရခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက်ရှိသော တီရယ်ထန်းသည် ညီအစ်ကိုရင်းတမျှ ရင်းနှီးချစ်ခင်သည့် ONE လိုက်ဟဲဗီး ဝိတ်တန်းနှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင် မြန်မာ့စပါးအုံးအောင်လအန်ဆန် ကူညီလေ့ကျင့် သင်ကြားပေးမှု နှင့်အတူ ONE ကြိုးဝိုင်းအတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လတာအတွင်း ဒုတိယပြိုင်ပွဲ ဆင်နွှဲရတော့မည်ဖြစ်သည်။ ယခုတစ်ကြိမ် ၎င်း ရင်ဆိုင်ရမည့်သူက မွေထိုင်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိုးသတ်တတ်သည့် တောင်ကိုရီးယားအားကစားသမား Kim Woon Kyoum ဖြစ်သည်။ ဘန်တန်ဝိတ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွဲဆိုင်းအဖြစ် Kyoum နှင့်ရင်ဆိုင်ရမည့် တီရယ်ထန်းအနေဖြင့် မြန်မာနိုင်ငံအတွက် ပြန်လည်လက်စားချေနိုင်မည့် အခွင့်အရေးတစ်ခုဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အောက်တိုဘာ ၁၃ ရက် က တိုကျိုတွင်ယှဉ်ပြိုင်ခဲ့သော ONE: CENTURY ၿပိဳင္ပြဲ၌ ဘူရှီးဒိုးဖိုးသော် က ေတာင္ကိုရီးယား အားကစားသမား Yoon “The Big Heart” Chang Min ကို ရှုံးနိမ့်ခဲ့ရာ ယခုပွဲတွင် တီရယ်ထန်သာ အနိုင်ရခဲ့လျှင် မြန်မာနိုင်ငံအတွက် ရှုံးကြွေးဆပ်နိုင်ခြင်းဟု ဆိုနိုင်သည်။

 

အသက် ၃၀ အရွယ် Kyoum သည် အသက် ၁၉ နှစ်အရွယ်တွင် မွေထိုင်းကို စတင်လေ့လာသင်ယူခဲ့ပြီး ထိုင်းနိုင်ငံအထိ သွားရောက်သင် ကြားခဲ့သည်။ ထိုအချိန်တွင် ၎င်းမှာ အပျော်တမ်းပြိုင်ပွဲများတွင်သာ ယှဉ်ပြိုင်ခဲ့ပြီး ထိုနောက်ပိုင်း တောင်ကိုရီးယားစစ်တပ်ထဲဝင်ကာ နိုင်ငံ ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ထိုးသတ်လိုသည့်ဗီဇအား ဖျောက်ဖျက်နိုင်ခြင်းမ ရှိရာ စစ်တပ်ထဲမှထွက်ကာ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အပျော်တမ်းကစားသ မားဘဝ ပထမဆုံးပွဲစဉ်အဖြစ် တစ်နိုင်ငံတည်းသား Tae Hoon Kim ကို ပထမအချီမှာပင် လက်မောင်းချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။

 

တစ်နှစ်အကြာ ၂၀၁၃ တွင် ဂျပန်အခြေစိုက် ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းများဖြစ်သည့် DEEP GRACHAN FIGHT တို့နှင့် ပူး ပေါင်းကာ ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်အားကစားသမားဘဝသို့ ကူးပြောင်းလာခဲ့သော Kyoum သည် ဂျပန်နိုင်ငံတွင် ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး အတွေ့အကြုံကောင်းများစွာ ရယူနိုင်ခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ယှဉ်ပြိုင်တိုက်ခိုက်ရသည့် အားကစားနည်းများကို နှစ်သက်သဘောကျခဲ့သော Kyoum သည် မွေထိုင်းကို နှစ်အတန်ကြာ လေ့လာသင်ယူခဲ့သောကြောင့် မတ်တပ် ရပ်ယှဉ်ပြိုင်မှုတွင် ကျွမ်းကျင်မှုရှိသလို ဂျပန်နိုင်ငံတွင် ဂျူဒို၊ နပမ်း၊ ကရာတေး၊ ဂျူဂျစ်ဆုပညာရပ်များကို ဆည်းပူးခဲ့ခြင်းကြောင့်လည်း မြေ ပြင်ချုပ်ကွက်နည်းဗျူဟာကို အကောင်းဆုံး အသုံးချနိုင်စွမ်းရှိသည်။

 

ထို့ကြောင့် ၂၀၁၈ ခုနှစ်တွင် ONE ဒုတိယဥက္ကဋ္ဌ Rich Franklin က ၎င်း တာဝန်ယူစီစဉ်သည့် ONE Warrior Series အတွက် Kyoum ကို စာချုပ်ခဲ့သည်။ ၎င်းသည် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပသည့် ONE Warrior Series 1 ပြိုင်ပွဲတွင် ဘင်္ဂ လားဒေ့ရှ်အားကစားသမား Muhammad Sanjidul Islam ကို ပထမအချီမှာပင် ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစားသ မားဘဝသို့ ကူးပြောင်းလာပြီးနောက်ပိုင်း Kyoum သည် မြေပြင်ချုပ်ကွက်နည်းဗျူဟာပိုင်းကို အထူးအလေးပေး လေ့လာသင်ယူခဲ့သလို မွေထိုင်းကိုလည်း ဆက်လက်ဆည်းပူးခဲ့သည်။ ထို့ကြောင့် ၎င်း၏စွမ်းဆောင်ရည်မှာ တဖြည်းဖြည်းတိုးတက်မှုများရှိလာခဲ့ပြီး ONE Warrior Series မှတစ်ဆင့် တစ်ဆင့်မြင့်သည့်အနေအထားသို့ တက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

 

ယခု ၎င်း၏ ဒုတိယမြောက် ONE တွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ရမည့် တီရယ်ထန်းကလည်း မြေပြင်ချုပ်ကွက်နည်းဗျူဟာကို အထူးကျွမ်းကျင် သူဖြစ်သလို ဝိတ်တန်းနှစ်ခုကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့်အတူ Hard Knocks 365 တွင် အတူလေ့ကျင့်လျက်ရှိသည်။ နပမ်း ကျွမ်းကျင်သော တီရယ်ထန်းကို မတ်တပ်ရပ်တိုက်ခိုက်မှုတွင်လည်း ကျွမ်းကျင်လာအောင် နည်းပြဆရာများက လေ့ကျင့်ပေးလျက်ရှိ သလို အောင်လအန်ဆန်၏ အနီးကပ်အကြံပေးသင်ကြားပြသမှုများကလည်း ပိုကောင်းသည့်ကစားသမားဖြစ်လာေစရန် ကူညီပေးနေသည်။ ထို့ကြောင့် Kyoum အတွက် တီရယ်ထန်နှင့်ပွဲက အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် တွဲဆိုင်းကောင်းတစ်ခုဖြစ်လာမည်က ထင်ရှားနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly