အင်္ဂလန်တိုက်စစ်ကို ပြိုင်ဘက်အသင်းတွေ ‘ထိတ်လန့်နေလောက်ပြီ’လို့ ရက်ရှ်ဖို့ဒ် ယုံကြည်

အင်္ဂလန်တိုက်စစ်ကို ပြိုင်ဘက်အသင်းတွေ ‘ထိတ်လန့်နေလောက်ပြီ’လို့ ရက်ရှ်ဖို့ဒ် ယုံကြည်

မားကပ်စ် ရက်ရှ်ဖို့ဒ်က အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားပုံဟာ အလွန်ထိတ်လန့်စရာကောင်းပြီး အသင်းဟာ ယူရို ၂၀၂၀ မှာ အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ပြောပါတယ်။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းရဲ့ ၂၀၁၉ ခုနှစ်အတွင်း သွင်းဂိုး  ၃၇ ဂိုးဟာ ၁၉၀၈ ခုနှစ်နောက်ပိုင်း ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးအများဆုံးသွင်းယူတဲ့ နိုင်ငံလက်ရွေးစင်အသင်းဖြစ်ပါတယ်။

သူတို့ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စုအဆင့် (၈)ပွဲမှာ (၇)ပွဲနိုင်ပြီး စုစုပေါင်း သွင်းဂိုး (၃၇)ဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အဲဒီသွင်းဂိုး (၃၇) ဂိုးထဲက ဂိုး (၂၀)ကို ဟယ်ရီကိန်းနဲ့ စတာလင်တို့က သွင်းပေးခဲ့ကြတာပါ။ ရက်ရှ်ဖို့ဒ်ကတော့ အင်္ဂလန်အသင်းအတွက် (၃)ဂိုး သွင်းပေးထားနိုင်ခဲ့ပါတယ်။

"ဒါဟာ ကောင်းမွန်တဲ့ တွဲဖက်ပေါင်းစပ်မှုဖြစ်တယ်လို့ ကျနော် ယူဆပါတယ်။"လို့ မန်ချက်စတာယူနိုက်တက်ရဲ့ ရပ်ရှ်ဖို့ဒ်က ပြောပါတယ်။

"ဒါပေမယ့် ကျနော်တို့ ရှေ့တန်း (၃)ဦးမပါဝင်ဘဲ ကစားခဲ့တဲ့ပွဲတွေ ရှိခဲ့ပါတယ်။ အုပ်စုအတွင်းမှာ ကျနော်တို့ တိုက်စစ်ပိုင်းစွမ်းရည်ကို ပြသနိုင်ခဲ့ပြီးတော့ ဒီအပေါ်မှာ ပြိုင်ဘက်အသင်းတွေကို ထိတ်လန့်စေခဲ့ပါတယ်။"

"ဒီပွဲတွေအားလုံးဟာ နွေရာသီအတွက် အဆင်သင့်ဖြစ်စေတယ်လို့ ထင်ပြီး ကျနော်တို့ လက်ရှိပုံစံအတိုင်း ယူရိုပြိုင်ပွဲကို ဝင်ရောက်မယ်ဆိုရင် အောင်မြင်တဲ့ ပြိုင်ပွဲဖြစ်လာပါလိမ့်မယ်။"

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly