ချီလီတွင်ဆန္ဒပြပွဲများဆက်လက်ဖြစ် သမ္မတမှ ရဲများ၏အကြမ်းဖက်မှုကိုရှုတ်ချ

ချီလီတွင်ဆန္ဒပြပွဲများဆက်လက်ဖြစ် သမ္မတမှ ရဲများ၏အကြမ်းဖက်မှုကိုရှုတ်ချ

ဆန်တီယာဂို၊ နိုဝင်ဘာ ၁၉။             ။ ချီလီနိုင်ငံ၌ အစိုးရ၏ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များတွင် တရားမျှတမှုမရှိခြင်းနှင့် လူချမ်းသာမိသားစုမှ ဆင်းသက်လာသူများက   နိုင်ငံရေးအာဏာဆုပ်ကိုင်ထားမှုများကို ဆန့်ကျင် သည့်အနေဖြင့် ဆန်တီယာဂိုမြို့ရှိ အီတလီရင်ပြင်တွင် ရက်သတ္တပတ် လေးပတ်မြောက်အဖြစ် ဆက်လက်ဆန္ဒပြနေကြသည်။

ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည့် တစ်လအတွင်း ၂၂ ဦးသေဆုံးပြီး လူပေါင်း ၂၀၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ရဲများသည် အင်အားသုံးကာ အာဏာအလွဲသုံးစားလုပ်ပြီး ရာဇဝတ်မှုကျူးလွန်ကြောင်း၊ အဆိုပါ လုပ် ပိုင်ခွင့် များသည် လေးစားစရာမကောင်းကြောင်း၊ ဆန္ဒပြသူများအပေါ် ရဲများ၏ အကြမ်းဖက် နှိမ်နင်းမှုများကိုလည်း ရှုတ်ချကြောင်း သမ္မတ ဆီဘတ်ရှန်ပီညဲရားက နိုဝင်ဘာ ၁၇ ရက်က ပြောသည်။

ဆန္ဒပြပွဲများဖြစ်ပွားကတည်းက ရဲများသည် အကြမ်းဖက်နှိမ်နင်းကာ လူ့အခွင့်အရေးချိုးဖောက်သည်ဟု စွပ်စွဲ ခံထားရပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့တို့မှ  စုံစမ်းစစ်ဆေးရေးအဖွဲ့များကို စေလွှတ် ခဲ့သည်။

အကြမ်းဖက်မှုကျူးလွန်သူရော အာဏာအလွဲသုံးစားလုပ်သူပါ ပြစ်ဒဏ်လွတ်မည်မဟုတ်ကြောင်း၊ ဖိနှိပ်ခံရသူများ အတွက် အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတက ဆန္ဒပြသူများကိုအလေးပေးကာ ပြောဆိုသွား သည်။

ရဲများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်း ၂၀၀ ကျော် မျက်လုံးများပြင်းထန်စွာဒဏ်ရာရခဲ့ကြပြီး တချို့မှာ မျက်လုံးတစ်ဖက် အမြင်အာရုံဆုံးရှုံးသည်အထိဖြစ်ခဲ့သည်။  
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly