ဗုံးကြဲခံရသော နယ်စည်းမခြားဆရာဝန်များဆေးရုံတွင် တာလီဘန်များပုန်းအောင်းနေခဲ့ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးပြော

ဗုံးကြဲခံရသော နယ်စည်းမခြားဆရာဝန်များဆေးရုံတွင် တာလီဘန်များပုန်းအောင်းနေခဲ့ဟု အာဖဂန်ကာကွယ်ရေးဝန်ကြီးပြော

ကဘူးလ်၊ အောက်တိုဘာ ၂၀ ။           ။ အမေရိကန်တပ်ဖွဲ့ဝင်များက ဗုံးကြဲခဲ့သော နယ်စည်းမခြားဆရာဝန်များ၏ဆေးရုံကို အာဖဂန်အစိုးရကို တိုက်ခိုက်နေသော သောင်းကျန်းသူများက အသုံးပြုနေခဲ့သည်ဟု အာဖဂန်ယာယီ ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။

တာလီဘန်သောင်းကျန်းသူများနှင့် ပါကစ္စတန်တိုက်ခိုက်ရေးသမားများဖြစ်နိုင်ဖွယ်ရှိသူများသည် ကန်ဒုဇ်မြို့ရှိ နယ်စည်းမခြားဆရာဝန်များ၏ ဆေးရုံကို လုံခြုံသည့်နေရာတစ်ခုအဖြစ် အသုံးပြုနေခဲ့သည်ဟု ဝန်ကြီး မာဆွမ်းစတန်နက်ဇိုင်းက အောက်တိုဘာ ၁၉ တွင် ပြောကြားခဲ့သည်။

ဆေးရုံကို အောက်တိုဘာ ၃ ရက်နေ့ အစောပိုင်းက အမေရိကန် AC-130 ရဟတ်ယာဉ်က ဗုံးကြဲခဲ့ရာ အနည်းဆုံးလူ ၂၂ယောက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ ဆေးရုံ၏ ပင်မအဆောက်အဦမှာ ပျက်စီးသွားခဲ့ပြီး ဆေးရုံမှာ ပိတ်လိုက်ရသည်။

ဗုံးကြဲခံရချိန်က တာလီဘန်တိုက်ခိုက်ရေးသမားများ ရှိမနေဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က အကြိမ်ကြိမ်ငြင်းဆိုထားသည်။ ဆေးရုံခြံစည်းရိုးတစ်ဝိုက်တွင် တာလီဘန်အလံလွှင့်ထူထားသည်ဟု ဝန်ကြီးကပြောသည်။ ထို့အပြင် ဆရာဝန်များအဖွဲ့က တောင်းဆိုထားသကဲ့သို့ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို ထောက်ခံမည်မဟုတ်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly