ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားခဲ့သည့် အဆောက်အဦရှစ်လုံးကို ပြန်လည်တည့်မတ်ရန် လိုအပ်

ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားခဲ့သည့် အဆောက်အဦရှစ်လုံးကို ပြန်လည်တည့်မတ်ရန် လိုအပ်

ရန်ကုန်။နိုဝင်ဘာ ၁၈ ။       ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်ကြောင့်တိမ်းစောင်း သွားသည့် အဆောက်အဦအလုံး ၂၀ ကျော်တွင် ရှစ်လုံးမှာ ခွင့်ပြုနိုင်စွမ်းထက် ကျော်လွန်ခဲ့၍ ပြန် လည်တည့်မတ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါ တိုက်ခန်းရှစ်လုံးမှာ ပုဇွန်တောင် မြို့နယ်တွင် (၁)လုံး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် (၁)လုံး၊  ဒေါပုံမြို့နယ်တွင် (၂)လုံး၊  တာမွေမြို့နယ်တွင်(၄)လုံးပါဝင်ေကြာင်း သိရသည်။

နိုဝင်ဘာလ ၁၂ရက်နေ့က ရန်ကုန်မြို့ကို အခြပြုလှုပ်ခတ်ခဲ့သည့် မြေငလျင်ဒဏ်ကြောင့်တိမ်းစောင်း သွားခဲ့သည့် အဆောက်အဦအလုံး၂၀ကျော်ကို ကော်မတီတာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အဆောက်အဦများမှာ လူနေထိုင်နိုင်သည့် အဆောက်အဦးများဖြစ်၍ အန္တရာယ်ရှိ အ ဆောက်အဦအဖြစ် သတ်မှတ်၍ မရသကဲ့သို  ဖြိုဖျက်ရန်လည်းမလိုအပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးဝင်းမြင့်သန်းကဆိုသည်။   

“အချို့ကကျတော့ အရင်ကတည်းကယိုင်ရာကနေ ပိုပြီးတော့ ယိုင်သွားတာမျိုးတွေရှိပါတယ်။ အဆောက်အဦတော်တော်များများက အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်လို့မရပါဘူး။ လူနေထိုင်လို့ရတဲ့အနေအထားရှိပါတယ်”ဟု ၎င်းကဆိုသည်။

ပြန်လည်တည့်မတ်ရန်လိုအပ်သည့် အဆောက်အဦများနှင့်ပတ်သက်၍  ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့တင်ပြထားပြီး ပြန်လည်တည့်မတ်ရန် ကုန်ကျစရိတ်အား လက်ရှိနေထိုင်သူများက ကျခံ ရနိုင်ခြေရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းက ဆိုသည်။

“နေထိုင်အသုံးပြုသူက ကုန်ကျစရိတ်ကို ကျခံစေနိုင်ပါတယ်။ ကျခံရမယ်လို့တော့ အတိအကျ မပြောလိုပါဘူး” ဟု ၎င်းကဆိုသည်။

နိုဝင်ဘာလ ၁၂ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဇွန်တောင်တွင် အဆောက်အဦး (၁)လုံး၊ တာမွေတွင် အဆောက်အဦ(၁၂)လုံး၊ တောင်ဥက္ကလာပတွင် တိုက်(၁)လုံး၊ သင်္ဃန်းကျွန်းတွင် (၁)လုံးနှင့်ဒေါပုံ မြို့နယ်တွင် တိုက်(၇)လုံးစုစုပေါင်းဆောက်အဦအလုံး(၂၀)တိမ်းစောင်းမှုရှိခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly