ပြင်ဦးလွင်မြို့ ဒီဇင်ဘာခြံတွင် ပန်းအလှဆင်ပွဲတော် ကျင်းပမည်

ပြင်ဦးလွင်မြို့ ဒီဇင်ဘာခြံတွင် ပန်းအလှဆင်ပွဲတော် ကျင်းပမည်

မန္တလေး၊ နိုဝင်ဘာ ၁၈။             ။ ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာခြံတွင် ပန်းအလှဆင်ပွဲတော်ကို ဒီဇင်ဘာလ ၁၈ရက်မှ ဇန်နဝါရီ ၁၈ ရက်နေ့အထိ တစ်လကြာကျင်းပသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာခြံမှ သိရသည်။

အဆိုပါပန်းပွဲတော်တွင် ပန်းအစစ်များကို အသုံးပြုပြသသွားမည်ဖြစ်ပြီး ပြည်တွင်းတွင်မရှိသေးသည့် ပန်ဒက်၊ စတားဘလော့စသည့် ပန်းမျိုးများကိုပါ ပထမဆုံးအကြိမ်ဖြစ် ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

“သဘာဝအရင်းအမြစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ဒီဇင်ဘာခြံထဲမှာရှိတဲ့အဆောက်အဦးေတွကို ဆောက်လုပ် တာက အစ သစ်၊ သက်ကယ်၊ ဝါးတွေနဲ့ဆောက်လုပ်ထားတယ်။ သဘာဝတိုင်း စီဆင်းနေတဲ့ စမ်းချောင်းလေး ရှိတာကြောင့် မြင်တွေ့ခံစားသူအနေနဲ့ စိတ်ကြည်လင်အေးချမ်းမှုတွေရရှိေစမယ်၊ ခြံထဲမှာရှိနေတဲ့ သစ်ပင်တွေ ကိုလည်း ပြုပြင်ထားခြင်းမရှိဘဲ သဘာဝအတိုင်း ထိန်းသိမ်းထားတဲ့အတွက် လာရောက် ကြည့်ရှုသူတွေအနေနဲ့ သဘာဝအလှအပေတွေ စုဝေးနေတဲ့ ပန်းဥယျာဉ်ထဲကို ရောက်သွားသလိုခံစားရစေမှာ ဖြစ်ပါတယ်” ဟု ဒီဇင်ဘာခြံမှတာဝန်ခံ ဦးစန်းတင့်ကပြောသည်။

အဆိုပါပန်းပွဲတော်တွင် ဒေသပန်းမျိုးရင်းများဖြစ်သည့် သရက်ထည်၊ ထပ်တရာ၊ ပင်စိမ်းနီတို့ပါဝင်သည့် ပန်း အမျိုးအစားပေါင်း ၃၀ ဝန်းကျင်နှင့် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပန်းမျိုးစိတ်များဖြစ်သော ပန်ဒက်၊ စတားဘလော့၊ ပန်စီ၊ ဘွိုင်အိုလာ၊ ဂျက်စီနီလား အပါအဝင် ပန်းအမျိုးပေါင်း ၃၀ တို့ကို စိုက်ပျိုးကာ စုစုပေါင်း အပင်အရေအတွက် လေးသိန်းခန့်ဖြင့် အလှဆင်ပြသသွားမည်ဖြစ်ကြောင်း ပြည်တွင်း ပန်းအလှဆင် ပညာ ရှင်များ တီထွင်ဖန်တီထားသည့် ပန်းရေတံခွန်၊ ပန်းလှည်း၊ အသည်းပုံပန်းပွင့်များ၊ ပန်းခင်းများ ကိုလည်း အလှဆင်ထည့်သွင်းပြသသွားမည်ဖြစ်ေကြာင်း သိရသည်။

ဒီဇင်ဘာခြံ၏ အကျယ်အဝန်းသည် ဧကပေါင်း ၁၅၀ကျော်ရှိပြီး ယခုကျင်းပမည့် ပန်းအလှဆင်ပွဲတော်ကို ဧက ၅၀ အသုံးပြုသွားမည်ဖြစ်ကြောင်း ပွဲတော်ကာလတွင် ဝင်ကြေးအနေဖြင့် တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြင်ဦးလွင်မြို့က ပြည်တွင်း၊ ပြည်ပအဓိက စိတ်ဝင်စားတဲ့မြို့ဖြစ်တဲ့အတွက် သဘာဝကိုအခြေခံတဲ့ လည် ပတ်စရာနေရာတွေ ပေါများလာခြင်းက မြို့ရဲ့စီးပွားရေးကို အထောက်အကူပြုတဲ့အပြင် ခရီးသွားလုပ်ငန်းတွေ လည်း ဖွံ့ဖြိုးလာမယ်။ စိုက်ပျိုးသူ တောင်သူတွေရဲ့ဒေသထွက်ကုန် သီးနှံတွေ ပိုပြီးရောင်းအားကောင်းလာနိုင် တယ်” ဟု ပြင်ဦးလွင် လူငယ်ကွန်ယက်မှ ကိုကျော်ဇင်ဦးက ဒီဇင်ဘာခြံတွင် ကျင်းပမည့် ပန်းအလှပြပွဲတော် နှင့်ပတ်သက်၍ ၎င်း၏အမြင်အား ပြောပြသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းပွဲတော်အပြင် ဒီဇင်ဘာခြံ၌ ကျင်းပမည့် ပန်းအလှဆင်ပွဲတော်နှင့် ပြင်ဦးလွင် ထောပတ်သီး စိုက်ပျိုး ထုတ်လုပ် သူများအသင်းမှ စီစဉ်သည့် ထောပတ်သီးပွဲတော် တို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly