ONE: AGE OF DRAGONS ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

ONE: AGE OF DRAGONS ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ Cadillac Arena အားကစားရုံတွင် ONE: AGE OF DRAGONS ပြိုင်ပွဲအား လက်ခံကျင်းပခဲ့သည်။ အဓိကတွဲဆိုင်း ၆ ဆိုင်း၊ ရှေ့ထွက်တွဲဆိုင်း ၅ ဆိုင်း စုစုပေါင်းတွဲဆိုင်း ၁၁ ဆိုင်းဖြင့် စီစဉ်တင်ဆက်သည့် အဆိုပါပြိုင်ပွဲမှာ ယခုနှစ်အတွင်း တရုတ်နိုင်ငံတွင် တတိယအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပသည့်ပြိုင်ပွဲဖြစ်သည်။ တွဲဆိုင်းအားလုံးမှာ ပရိသတ်အကြိုက် ပွဲကြီးပွဲကောင်းများဖြစ် ခဲ့ပြီး မထင်မှတ်သည့်ရလဒ် အချို့ထွက်ပေါ်ခဲ့သလို အမှတ်ဖြင့်ဆုံးဖြတ်သည့်ပွဲက ၅ ပွဲသာရှိကာ ကျန်တွဲဆိုင်း ၆ ဆိုင်းက အလဲထိုးနှင့် ဒိုင် ပွဲရပ်အနိုင်ပွဲများဖြစ်သည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နိုင်ငံတွင်ကျင်းပသည့် ONE: AGE OF DRAGONS ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာအ ကောင်းဆုံး အခိုက်အတန့် ၄ ခုကို ဖော်ပြပေးလိုက်ပါသည်။

၁။ မြင်ရခဲသည့် ပွဲသိမ်း ဒူးပျံတိုက်ကွက်

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနယ်ပယ်တွင် တစ်ချက်ကောင်းတိုက်ကွက်က ပွဲတစ်ပွဲ၏အနိုင်အရှုံးကို တစ်မုဟုတ်ချင်း အဆုံးအ ဖြတ်ပေးနိုင်သည်။ တစ်ချက်ကောင်းတိုက်ကွက်ဟုဆိုရာတွင် လက်သီးတစ်လုံး၊ ခြေကန်ချက်တစ်ချက်၊ ဒူးတိုက်ချက်တစ်ချက်၊ မြေပြင် ချုပ်ကွက်တစ်ကွက် စသည်တို့ဖြစ်သည်။ ထိုအထဲတွင် ဒူးတိုက်ချက်တစ်ချက်တည်းဖြင့် ပွဲသိမ်းသွားသည့်ပွဲက အင်မတန်ရှားပါးသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း အမြင့်ခုန် ဒူးပျံတိုက်ကွက်ဖြင့် အနိုင်ရခဲ့သောပွဲတစ်ပွဲကို ONE: AGE OF DRAGONS ပြိုင်ပွဲ၌ မြင်တွေ့ခဲ့ရ သည်။ အဓိကတွဲဆိုင်း ၆ ဆိုင်းအနက် ပထမဆုံးတွဲဆိုင်းအဖြစ် အိမ်ရှင် တရုတ်အားကစားသမား Miao Li Tao နှင့် ဖိလစ်ပိုင်အားကစား သမား Jeremy “The Jaguar” Miado တို့ ယှဉ်ပြိုင်သည့်တွဲဆိုင်းတွင်ဖြစ်သည်။

ONE အဖွင့် ပွဲဆက်တိုက်အနိုင်ရထားသော Tao သည် အိမ်ရှင်ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုနှင့်အတူ အသာစီးအနေအထားမှ ယှဉ်ပြိုင်နိုင်ခဲ့ပြီး လည်ပင်းအား လက်နှစ်ဖက်ဖြင့် အပိုင်ချုပ်ကိုင်ခွင့် နှစ်ကြိမ်တိတိရခဲ့သည်။ သို့သော် ၁၉ နှစ်အရွယ်မှစ၍ မွေထိုင်းကို နစ်တကျလေ့ကျင့်ခဲ့သော Miado က အလွယ်တကူအရှုံးမပေးဘဲ ပထမအချီ မိနစ်၊ စက္ကန့်တွင် ၎င်းအား တိုက်ခိုက်ရန်ပြေးဝင်လာ သည့် တရုတ်အားကစားသမားကို ညာဒူးအမြင့်တိုက်ချက်ဖြင့် မေးရိုးကိုထိကာ လဲကျသွားစေခဲ့ပြီး ထိုတိုက်ကွက်တစ်ချက်တည်းနှင့် နိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။

၂။ ဝါရင့်ကစားသမားကြီး အငိုက်မိခဲ့သည့် တစ်ခဏ

ကက်ချ်ဝိတ်တန်း(၇၃ ကီလို) မွေထိုင်းတွဲဆိုင်းအဖြစ် ထိုင်းဝါရင့်အားကစားသမား “The Boxing Computer” Yodsanklai IWE Fairtex နှင့် ရုရှားအားကစားသမား Jamal “Kherow” Yusupov တို့မယှဉ်ပြိုင်မီ အတော်များများက မွေထိုင်းကမ္ဘာ့ချန်ပီယံဆုများကို ကြိမ်ဖန် များစွာရရှိထားသော Fairtex Gym IWE Combat Club အသင်းသားသာ အနိုင်ရမည်ဟု ယူဆထားကြသည်။ အသက် ၃၄ နှစ်အရွယ် Yodsanklai သည် မွေထိုင်းနှင့် Kick Boxingပွဲပေါင်း ၃၀၀ နီးပါးထိုးသတ်ထားပြီး ကြိုးဝိုင်းအတွေ့အကြုံရင့်ကျက်လွန်းသည့် တိုက် စစ်ကစားသမားကောင်းတစ်ယောက်ဖြစ်သည်။ Best Style Boxing နှင့်GOG Fighting အသင်းသား Yusupov မှာမူ ပြိုင်ပွဲအတွေ့အ ကြုံနည်းပါးသလို Yodsanklai လို ထိပ်တန်းကစားသမားမျိုးနှင့် တစ်ကြိမ်တစ်ခါမှ တွေ့ဆုံဖူးခြင်းမရှိသော်လည်း စိတ်တည်ငြိမ်မှုအပြည့် ဖြင့် ယှဉ်ပြိုင်ခဲ့သည်။

ဒုတိယအချီအစတွင် Yusupov လက်သီးတွဲလုံးကြောင့် ထိုင်းအားကစားသမား ယိုင်ကျသွားခဲ့ပြီး ကြိုးဝိုင်းဒိုင်လူကြီးက အခြေအနေကို မေးမြန်းကာ ဆက်လက်ယှဉ်ပြိုင်စေခဲ့သော်လည်း မူးဝေနေသော Yodsanklai မှာ နောက်ထပ် ဘယ်ညာဝိုက်လက်သီးများ ထပ်မံထိရှခဲ့ ပြီးနောက် ကြိုးဝိုင်းကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။ ဒုတိယအချီ ၃၉ စက္ကန့်သာရှိသေးပြီး ပြန်တည်နိုင်ခြင်းမရှိတော့ရာ ဒိုင် လူကြီးက ဒိုင်ပွဲရပ်ဖြင့် Yusupov ကို အနိုင်ပေးခဲ့ပြီး ထိုအခိုက်အတန့်က မွေထိုင်းချန်ပီယံ Yodsanklai အတွက် ခံရခက်လှသော အခိုက် အတန့်ဖြစ်လာခဲ့သည်။

၃။ ရှုံးကြွေးဆပ်ခဲ့သည့် ချန်ပီယံအသစ်၏ တဒင်္ဂကာလ

ဒုတိယခေါင်တွဲဆိုင်းက ချန်ပီယံအသစ်တစ်ယောက်ထွက်ပေါ်လာေစရေးအတွက် စီစဉ်ကျင်းပခြင်းဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်း ကစ် ဘောက်ဆင် ကမ္ဘာ့ချန်ပီယံတွဲဆိုင်းဖြစ်သည်။ ယှဉ်ပြိုင်ကြသူများက ONE အဖွင့် ပွဲဆက်အပါ နောက်ဆုံး ပွဲဆက်တိုက် အနိုင်ရထား သော မော်ရိုကို-နယ်သာလန်အားကစားသမား Tarik “The Tank” Khbabez နှင့် ယူကရိန်းအားကစားသမား Roman Kryklia တို့ဖြစ် သည်။ အသက် ၂၇ နှစ်အရွယ် Kryklia သည် ၎င်းထက်တစ်နှစ်ငယ်သော Khbabez နှင့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ခဲ့ဖူး ပြီး အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

ယခုပွဲတွင်မူ နောက်ဆုံး ပွဲဆက် အနိုင်ရထားသော Kryklia က အရပ်အမောင်း အားသာမှုကိုအသုံးချကာ ထောက်လက်သီးများ၊ ပင့် လက်သီးများဖြင့် တိုက်ခိုက်ခဲ့သော်လည်း Khbabez က အနာခံကာ ပြန်လည်ထိုးနှက်ခဲ့သည်။ ဒုတိယအချီ ပွဲအစ ၁၈ စက္ကန့်တွင် ယူက ရိန်းအားကစားသမား၏ ညာခြေအမြင့်ကန်ချက်နှင့် ဘယ်လက်သီးနှစ်လုံးကြောင့် Khbabez လဲကျကာ အမှတ်စဉ်အရေခံရသလို ထပ်မံ ယှဉ်ပြိုင်ရာတွင်လည်း ဘယ်ညာလက်သီးတွဲလုံးမိကာ အမှတ်စဉ်အရေခံခဲ့ရပြန်သည်။ ထပ်မံယှဉ်ပြိုင်ရာတွင်လည်း ကာကွယ်နိုင်စွမ်း ကင်းမဲ့နေသောကြောင့် ဒိုင်လူကြီးက ဒုတိယအချီ ၄၉ စက္ကန့်၌ Kryklia ကို ဒိုင်ပွဲရပ်အနိုင်ပေးခဲ့ရာ ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူချင်နေ သော Khbabez အတွက် နောင်တရနေမည့် အချိန်ကာလများဖြစ်ခဲ့သည်။

၄။ Wenfeng စိတ်ပျက်ခဲ့သော အခိုက်အတန့်

အဓိကခေါင်တွဲဆိုင်းက ONE ဖလိုင်းဝိတ်တန်း Kick Boxing ကမ္ဘာ့ချန်ပီယံတွဲဆိုင်းဖြစ်ပြီး လက်ရှိချန်ပီယံ နယ်သာလန်-မော်ရိုကို အားကစားသမား Ilias Ennahachi နှင့် အိမ်ရှင်တရုတ်အားကစားသမား Wang “Metal Storm” Wenfeng တို့ အကြိတ်အနယ် ယှဉ် ပြိုင်ခဲ့သည်။ ယခုပွဲမှာ နောက်ဆုံး ပွဲဆက်အနိုင်ရထားသော Ennahachi အတွက် ပထမဆုံး သရဖူကာကွယ်ပွဲဖြစ်ပြီး နောက်ဆုံး ပွဲ တွင် ပွဲနိုင်၊ ပွဲသရေ ရှုံးပွဲမရှိသေးသော Wenfeng ကလည်း ONE နှင့် ပထမဆုံးပြိုင်ပွဲမှာပင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရယူလို၍ တိုက် စစ်ဖွင့် ထိုးသတ်ခဲ့သည်။ အိမ်ရှင်ပရိသတ်များ၏အားပေးမှုြဖင့် တရစပ်တိုက်စစ်ဆင်နေသော Wenfeng ကို လက်ရှိချန်ပီယံက တည် တည်ငြိမ်ငြိမ်ဖြင့်ရင်ဆိုင်ကာ ထိရောက်သည့်ထိုးချက်များဖြင့် တိုက်ခိုက်ခဲ့သည်။

 

စတုတ္ထအချီတွင် Ennahachi မှာ ရင်ဆိုင်မထိုးဘဲ ခံစစ်ဖြင့်သာ ဆုတ်နေသောကြောင့် ကြိုးဝိုင်းဒိုင်လူကြီးက သတိပေးရသည်အထိဖြစ်ခဲ့ ပြီး ချီပြည့်သည်အထိ သရေကျခဲ့သည်။ အမှတ်ဖြင့်ဆုံးဖြတ်ခါနီးတွင် Wenfeng က ၎င်း သေချာပေါက်အနိုင်ရမည်အထင်နှင့် လက် ဆန့်တန်းအောင်ပွဲခံရန် စီစဉ်ထားသော်လည်း ဒိုင် ဦးအနက် ဦးကသာ ၎င်းကိုအနိုင်ပေးပြီး ကျန် ဦးက Ennahachi ကိုအနိုင်ပေးခဲ့ ရာ စိတ်ပျက်စရာ အချိန်ကာလဖြစ်သွားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly