ရန်ကုန်မြို့တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် စိုက်ပျိုးသီးနှံများ ရရှိရန် လိုအပ်နေ

17 November 2019
ရန်ကုန်မြို့တွင် ကျန်းမာရေးနှင့် ညီညွတ်သည့် စိုက်ပျိုးသီးနှံများ ရရှိရန် လိုအပ်နေ

ရန်ကုန်မြို့သည် လူဦးရေများပြားလာသည်နှင့်အမျှ စားသောက်ကုန်စျေး မြင့်တက်လာပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာ ရရှိရေးသည် မြို့ပြနေ ပြည်သူများအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။ အဆိုပါအခြေအနေတွင် စားသောက်ကုန် တင်ပို့ရောင်းချမှု ကုန်ကျစရိတ်များကို လျော့ချနိုင်မည့် မြို့တွင်း တနိုင်တပိုင် လယ်ယာစိုက်ပျိုးရေး အသိပညာကို ပြည်သူလူထူထံ ပိုမိုရောက်ရှိစေရေးအတွက် ဒို့အိမ်အဖွဲ့နှင့် ကုက္ကိုရိပ် Organic အဖွဲ့တို့သည် နိုဝင်ဘာလ (၁၆)ရက်နေ့က ပန်သူရိယ Gallery တွင် မြို့ပြထဲက လယ်တောများ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ မြို့ပြလယ်ခင်းတွေကနေ မိသားစုတွေကို စျေးနည်းပြီး ကျန်းမာတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ ထောက်ပံနိုင်ဖို့က ကျွန်မတို့ လက်တွေ့အကောင်အထည်ဖော်လိုတဲ့ မျှော်မှန်းချက်တစ်ခုပါလို့ ဒို့အိမ်အဖွဲ့ရဲ့ Head of capacity building ကို တာဝန်ယူထားသည့် Myrte Mijinders က ဆိုသည်။ ရိုက်ကူး/တည်းဖြတ်- ဆုမြတ်မေဇော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required