ရဲတွေက စစ်တိုက်ပြီး တပ်မတော်က လွှတ်တော်ထဲမှာ ခြေဥအတွက် ကာကွယ်နေဟုဆို

16 November 2019
ရဲတွေက စစ်တိုက်ပြီး တပ်မတော်က လွှတ်တော်ထဲမှာ ခြေဥအတွက် ကာကွယ်နေဟုဆို

ရဲတွေက စစ်တိုက်ပြီး တပ်မတော်က လွှတ်တော်ထဲမှာ ခြေဥအတွက် ကာကွယ်နေဟုဆို
============================
မြန်မာနိုင်ငံတွင် ရဲများက စစ်တိုက်နေပြီး တပ်မတော်က လွှတ်တော်ထဲ၌ ခြေဥအတွက် ကာကွယ် နေသည် ဟု စာရေးဆရာ ညီပုလေးက ပြောဆိုလိုက်ပါတယ်။

“မြန်မာပြည်မှာ ရဲတွေက စစ်တိုက်နေရတယ်။တပ်မတော်က ကာကွယ်နေရတယ်။ ဘယ်မှာ ကာကွယ်တာတုန်း ဆိုတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းအုပ်ချျုပ်ပုံကို” လို့ စာရေးဆရာ ညီပုလေးက ဆိုပါတယ်။
နိုဝင်ဘာလ ၁၆ ရက် နံနက် ၁၀ နာရီက မန္တလေးမြို့၊၂၆လမ်းနှင့်၆၂လမ်းထောင့်ရှိ လင်းရောင်ခြည် စာ ကြည့်တိုက်တွင် ပြုလုပ်သော နိုင်ငံရေးအကျဉ်းသားဟောင်းတရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး ရေးသားထားသည့် "လုပ်ဇာတ်၏ ဗျူ ပ္ပက် (သို့မဟုတ်) ၂၀၀၈ခြေဥ လာရာ လားရာ ခွဲစိတ်ဖြာ" စာအုပ်မိတ်ဆက်ပွဲ၌ ပြောလိုက်ခြင်းဖြစ်ပါတယ်။
ဒီစာအုပ်မိတ်ဆက်ပွဲကို စာရေးဆရာ ကဗျာဆရာများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ကဗျာ မောင်မှိုင်းလွင် (အင်းဝ) ကလည်း ကဗျာ တစ်ပုဒ်ကို ရွတ်ဆိုပြခဲ့ပါတယ်။
ရိုက်ကူး - အောင်ကိုဦး/မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly