နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနှင့်အတူ လက်တွဲဆောင်ရွက်နိုင်သော အင်အားတစ်ရပ် ဖြစ်အောင် ကြိုးပမ်းကြရန် လူငယ်လုပ်ငန်းရှင်များကို အတိုင်ပင်ခံ တိုက်တွန်း

16 November 2019

*************************
မြန်မာလူငယ်လုပ်ငန်းရှင်တွေအနေဖြင့် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့ရမည့်စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် အသုံးချကာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရနဲ့အတူ လက်တွဲဆောင်ရွက် နိုင်သည့် အင်အားတစ်ရပ်အဖြစ် ကြိုးပမ်းလုပ်ဆောင်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်သည်။
နိုဝင်ဘာလ(၁၆)ရက်နေ့က ရန်ကုန်တိုင်ဒေသကြီး၊ သာကေတမြို့နယ်ရှိ Fortune Plaza မှာ ကျင်းပ ပြုလုပ်တဲ့  Myanmar Entrepreneurship Summit 2019 အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို တိုက်တွန်းပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ Myanmar Entrepreneurship Summit 2019 ကို စတုတ္ထအကြိမ်မြောက်ကျင်းပလုပ်တာဖြစ်ပြီး စွန့်ဦးတီထွင်မှုဆိုတဲ့ ရပ်ဝန်းတစ်ခုပေါ်ပေါက်လာဖို့၊ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ထွက်ပေါ်လာစေဖို့နဲ့ မြန်မာနိုင်ငံရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို နိုင်ငံတော်အစိုးရက သိရှိပြီး ဝိုင်းဝန်းပံ့ပိုးပေးနိုင်စေဖို့ ရည်ရွယ်ကျင်းပပြုလုပ်တာလည်း ဖြစ်ပါတယ်။
ရိုက်ကူး - သက်ကို
တည်းဖြတ် - ဝေမင်းဟန်
တင်ဆက် - ထွန်းထွန်းဝင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly