ဇမ်ဘီယာနိုင်ငံ စီးပွားရေးအကျပ်အတည်းကို ကူညီမှိုင်းမရန် ဘုရားသခင်ထံ ၀တ်ပြုဆုတောင်း

ဇမ်ဘီယာနိုင်ငံ စီးပွားရေးအကျပ်အတည်းကို ကူညီမှိုင်းမရန် ဘုရားသခင်ထံ ၀တ်ပြုဆုတောင်း

လူဆာကာ၊ အောက်တိုဘာ-၂၀ ။             ။ ကမ္ဘာနှင့်အဝန်း ကြေးနီဈေးကွက် ပြိုကွဲပြီးနောက်တွင် နိုင်ငံ၏ စီးပွားရေးအကျပ်အတည်းကို ဘုရားသခင်က ကူညီမှိုင်းမရန် အတွက်   အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျင်းပသည့် ဝတ်ပြုဆုတောင်းပွဲနေ့တွင် ဇမ်ဘီယာနိုင်ငံသားများ အယုတ်အလတ်အမြတ်မရွေး ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။

အာဖရိက၏ ဒုတိယ ကြေးနီအကြွယ်ဝဆုံးဖြစ်သည့် ဇမ်ဘီယာနိုင်ငံ၏ ကွာချာငွေကြေးမှာ ယခုနှစ်တွင် ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၅၀ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားခဲ့ပြီး အစားအစာ   ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

သမ္မတ အက်ဂါ လွန်ဂူ၏ မေတ္တာရပ်ခံချက်ကို တုန့်ပြန်သည့်အနေဖြင့် တောင်ပိုင်း အာဖရိကနိုင်ငံတစ်လွှားရှိ ဘုရားကျောင်းများတွင် ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်။

ဝတ်ပြုဆုတောင်းပွဲသို့ ဇမ်ဘီယာနိုင်ငံသားများ ပိုမိုပါဝင်လာနိုင်ရန်အတွက် တနင်္ဂနွေ ဘောလုံးပွဲများကို ရွှေ့ဆိုင်းထားသည့်အပြင် ဘားများနှင့် စားသောက်ဆိုင်များကိုလည်း ပိတ်သိမ်းရန် တိုက်တွန်းထားသည်ဟု ဆိုသည်။  

 ‘ကျနော်တို့ဟာ နှိမ့်ချသောစိတ်ထားနဲ့ ဘုရားသခင်ကို အော်ဟစ်တမ်းတမယ်ဆိုရင် ဘုရားသခင်ကလည်း ကျနော်တို့ရဲ့ အော်သံကို ကြားလိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ ကိုယ် အကောင်းဆုံးလုပ်ခဲ့ပြီးရင် ကျန်တာကိုတော့ ဘုရားသခင်ကိုပဲ ပုံထားလိုက်ဖို့ မေတ္တာရပ်ခံချင်ပါတယ်’’ဟု လွန်ဂူက တနင်္ဂနွေနေ့မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၁၉၉၆ ဖွဲ့စည်းပုံဥပဒေတွင် ဇမ်ဘီယာကို ခရစ်ယာန်နိုင်ငံတစ်ခုအဖြစ် တရားဝင် သတ်မှတ်ထားခဲ့သည်။

စီးပွားရေးအကျပ်အတည်းကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly