ရေကြီးရေလျှံမှုကြုံတွေ့နေသည့် ဗင်းနစ်မြို့အတွက် အလှူငွေထည့်နိုင်ရန် ဘဏ်စာရင်းဖွင့်

ရေကြီးရေလျှံမှုကြုံတွေ့နေသည့် ဗင်းနစ်မြို့အတွက် အလှူငွေထည့်နိုင်ရန် ဘဏ်စာရင်းဖွင့်

နိုဝင်ဘာ ၁၆ ။        ။ သမိုင်းဝင်ရှေးဟောင်းမြို့တော်ဗင်းနစ်မြို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပြီးနောက် မြို့တော်ကို ပြန်လည်ပြုပြင်မွမ်းမံ ရန် အလှူငွေများထည့်ဝင်ချင်သည့်  အီတလီနှင့် ကမ္ဘာတစ်ဝှမ်းမှ ပြည်သူများအတွက် ဘဏ်စာရင်း ဖွင့်ပေးထား ကြောင်း မြို့တော်ဝန် လူအီဂျီဘရူနာရိုက က နိုဝင်ဘာလ ၁၅ ရက်က ကြေညာခဲ့သည်။

ဗင်းနစ်မြို့တွင် ရေကြီးရေလျှံမှုကြောင့် အရေးပေါ်အခြေအနေတစ်ရပ်ကြေညာပြီးနောက်ပိုင်း နိုဝင်ဘာလ ၁၅ ရက်က  ထူးကဲဒီရေထပ်မံမြင့်တက်လာမှုကြောင့် စိန့်မာ့ခ်ရင်ပြင်ကိုပိတ်ထားရန် မြို့တော်ဝန်က အမိန့်ပေးခဲ့ သည်။

တူးမြောင်းမြို့တော်ဖြစ်သည့် ဗင်းနစ်မြို့ရှိ ဘုရားကျောင်းများ၊ ဈေးဆိုင်များနှင့် အိမ်များသည် ရေကြီးရေလျှံမှုကို ခံစားနေရပြီး ရေလယ်ဗယ်သည် ၁ ဒဿမ ၅၄ မီတာ ( ၅ပေခန့်) ရှိသည်။

ရင်ပြင်မပိတ်ခင်က ကမ္ဘာလှည့်ခရီးသည်များသည် ရေလွှမ်းနေသည့်စိန့်မာ့ခ်ရင်ပြင်တစ်ဝိုက်တွင် ဓာတ်ပုံများ ရိုက်ကာ လှည့်လည်သွားလာနေကြသည်။

ရေဘေးကြုံတွေ့ရသည့် အိမ်ထောင်စုများသည် ယူရို ၅၀၀၀ အထိ အစိုးရအထောက်အပံ့ ရပိုင်ခွင့်ရှိသည်။ စားသောက်ဆိုင်များနှင့် ဆိုင်ပိုင်ရှင်များသည် ယူရို ၂၀ ၀၀၀ အထိရရှိနိုင်ပြီး နောက်ပိုင်းတွင်လည်း ထပ်မံ လျှောက်ထားနိုင်သည်။

ဗင်းနစ်မြို့သည် ကမ္ဘာမှာထူးခြားပြီး အားလုံး၏ အမွေအနှစ်ဖြစ်ကြောင်း၊ အားလုံး၏ ကူညီဖေးမမှုကြောင့် ဗင်းနစ်မြို့တော်ပြန်လည် တောက်ပလာမည်ဖြစ်ကြောင်း မြို့တော်ဝန်ကဆိုသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly