ဆန္ဒပြမှုများကြောင့် ချီလီတွင် ဖွဲ့စည်းပုံသစ် အစားထိုးရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည်

ဆန္ဒပြမှုများကြောင့် ချီလီတွင် ဖွဲ့စည်းပုံသစ် အစားထိုးရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပမည်

ဆန္တီယာဂို၊ နိုဝင်ဘာ ၁၆ ။        ။ ချီလီနိုင်ငံတွင် တစ်လနီးပါး ကြာမြင့်နေပြီဖြစ်သော ဆူပူဆန္ဒပြမှုများနောက်တွင် ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်ဖြစ်သော အာဏာရှင်ခေတ်က ဖွဲ့စည်းပုံအခြေခံဥပဒေကို အစားထိုးရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးတော့မည် ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းပုံ အစားထိုးရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတော့မည် ဆိုလာပြီးနောက် ရှယ်ယာစျေးကွက်သည် ဆယ်စုနှစ်တစ်ခုစာအတွင်း စျေးအတက်ဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်၌ ရှယ်ယာစျေး ၈ ဒသမ ၀ ရာခိုင်နှုန်း ကျော် မြင့်တက်သွားသည်။

အလွန်အမင်း ကျဆင်းနေသည့် ပီဆိုငွေကြေးလည်း ၃ ဒသမ ၂ ရာခိုင်နှုန်း တန်ဖိုးမြင့်တက်သည်။

အစိုးရညွန့်ပေါင်းအဖွဲ့နှင့် အတိုက်အခံပါတီများကြား နာရီများစွာ ပြင်းပြင်းထန်ထန် ဆွေးနွေးကြပြီးနောက် ၂၀၂၀ ဧပြီတွင် ပြည်လုံးကျွန်ဆန္ဒခံယူပွဲကို ကျင်းပမည်ဟု ချီလီ အမျိုးသားလွှတ်တော်မှ လွှတ်တော်အမတ်များက နိုဝင်ဘာ ၁၅ ရက် အစောပိုင်း၌ သဘောတူလိုက်ခြင်း ဖြစ်သည်။

“ဒါဟာ တကယ့်ကို ကြီးကျယ်တဲ့ သဘောတူညီမှုပါပဲ။ မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေအနေနဲ့ ၎င်းတို့ရဲ့ ရပ်တည်ချက်ကို ကိုင်စွဲနိုင်ပြီ။ နောက်ပြီး စည်းလုံးညီညွတ်မှုရဲ့ လက္ခဏတစ်ရပ်လည်း ဖြစ်တယ်။”ဟု အစိုးရ ပြောခွင့်ရအမျိုးသမီး ကာလာရူဘီလာက ပြောသည်။

“ခုလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတော့မယ်ဆိုတာဟာ ပထမခြေလှမ်းပါ။ ဒါပေမယ့် သမိုင်းတွင်မယ့် ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ပြည်သူတွေက ဦးဆောင်သူကဏ္ဍာကို ရရှိမယ့် သမိုင်းတစ်ကွေ့လည်း ဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီး ဂွန်ဇာလိုဘလမ်မဲလ်က ပြောခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags