ယူကရိန်းတွင် လက်နက်တိုက် ပေါက်ကွဲ၍ နှစ်ဦး သေဆုံး

ယူကရိန်းတွင် လက်နက်တိုက် ပေါက်ကွဲ၍ နှစ်ဦး သေဆုံး

ကိဗ်၊ နိုဝင်ဘာ ၁၆ ။        ။ ယူကရိန်း အရှေ့ပိုင်း သူပုန်များ ထိန်းချုပ်ထားရာ နယ်မြေအနီးက လက်နက်တိုက် ပေါက်ကွဲမှု ဖြစ်ရာမှာ ယူကရိန်း သတ္ထုတူးဖော်ရေး အင်ဂျင်နီယာနှစ်ဦးနှင့် အခြား လေးဦး ဒဏ်ရာရရှိကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၁၅ ရက်၌ ပြောသည်။

ခါရာကိဗ်မြို့အနီးက စစ်တပ်အခြေစိုက်စခန်းတစ်ခုတွင် သက်တမ်းအို လက်နက်ခဲယမ်းများအား ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်နေစဉ် ပေါက်ကွဲမှုများ ထဖြစ်ခြင်း ဖြစ်သည်ဟု ယူကရိန်း စစ်တပ်က ပြောသည်။

အဆိုပါ ပေါက်ကွဲမှုအတွင်း စစ်အင်ဂျင်နီယာနှစ်ဦး သေဆုံးကြောင်းကို ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များ ဦးစီးချုပ်ရုံးက ဖေ့ဘုတ်မှတစ်ဆင့် အတည်ပြု ထုတ်ပြန်သည်။

ဒဏ်ရာရစစ်သား လေးဦးကို ဆေးရုံတင်ထားရပြီး သုံးဦး၏ အခြေအနေမှာ စိုးရိမ်ရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခု ပေါက်ကွဲမှုသည် လူနေရပ်ကွက်များအတွက် စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း၊ ပေါက်ကွဲမှုများလည်း ရပ်တန့်သွားပြီ ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်၌ ဖြည့်စွက်ဖော်ပြထားသည်။

ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ယခု စစ်အခြေစိုက်စခန်းမှာပင် အလားတူ ပေါက်ကွဲမှု နှစ်ရပ် ဖြစ်ပွားခဲ့ဖူးပြီး ၂၀၁၇ မတ်လက ပေါက်ကွဲမှုတွင် လူတစ်ဦး သေဆုံးကာ ငါးဦးအထိ ဒဏ်ရာရခဲ့သည်။

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားထောက်ခံသော ခွဲထွက်ရေးသမားများနှင့် ၂၀၁၄ ခုနှစ်က စတင်ကာ တိုက်ပွဲများ ရင်ဆိုင်တိုက်ခိုက်နေရပြီး ယင်းစစ်ရေးထိပ်တိုက်တွေ့မှုတွင် လူပေါင်း ၁၃၀၀၀ ကျော်ထက်မနည်း သေဆုံးခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags