ခြေဥပြင်ဆင်ရေး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်ကို သဘောမတူဟု တပ်မတော်သားကိုယ်စားလှယ်ပြော

ခြေဥပြင်ဆင်ရေး ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်ကို သဘောမတူဟု တပ်မတော်သားကိုယ်စားလှယ်ပြော
 ဓာတ်ပုံ - ပြည်ထောင်စုလွှတ်တော်

နေပြည်တော်၊ နိုဝင်ဘာ ၁၅ ။         ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး လက်မှတ် ရေးထိုး၍ ဥပဒေမူကြမ်းနှစ်ရပ်တင်ထားသော ပြင်ဆင်မှုအပေါ် ဥပဒေ ကြမ်း ပူးပေါင်းကော်မီ၏ လေ့လာတွေ့ရှိ ချက်နှင့် သဘောထားမှတ်ချက်ကို သဘောမတူကြောင်း တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

နိုဝင်ဘာ ၁၅ ရက်ကကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့လည်း ဥပဒေကြမ်းပူးပေါင်းကော်မတီမှာပါတဲ့ အတွက် ဒါကိုတော့ ကျွန်တော်တို့ အနေနဲ့ကတော့ သဘောမတူဘူး။ ကန့်ကွက်ပါတယ်။ ဘာလို့ ကန့်ကွက်လဲဆိုတော့ ကျွန်တော်တို့ ၄၅ ဦးကော်မတီက ဆောင် ရွက်နေတဲ့ ကိစ္စတွေဟာ ဥပဒေ ကြမ်းတစ်ခုထွက်လာဖို့ အချိန်ကာလ ဘယ်လောက်အတိုင်းအတာ အထိ ရှိမယ်ဆိုတာ မျှော်မှန်းလို့ မရေသေးပါဘူး။ ပြီးစီးမဲ့ အနေအထားလည်း လက်ရှိမှာ မရှိပါဘူး”ဟု ဗိုလ်မှူးချုပ် မောင်မောင်ကပြောသည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီသည် အဆိုပါ ဥပဒေမူကြမ်း နှစ်ရပ်ကို ၄၅ဦးပူးပါဝင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီမှ ရရှိလာမည့် မူကြမ်းနှင့် အတူလွှတ်တော်သို့ တင်သွင်းရန် ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ကော်မတီလေ့လာတွေ့ရှိချက်နှင့်သေဘာထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြား ရာတွင် ထိုသို့ပါရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့တင်သွင်းခဲ့သည့် ဥပဒေကြမ်းနှစ်ရပ်သည် ပုဒ်မ(၂၃၂)နှင့် ပုဒ်မ (၂၆၁) ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်တိုင်းဝန်ကြီးချုပ်များ၏ အရည်အချင်းသတ်မှတ်ချက်များကို ထပ်မံဖြည့်စွက်ရန် ပြီးခဲ့သည့် စက်တင်ဘာလပိုင်းက တင်ထားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဥပဒေနှင့်အညီတင်သွင်းထားခြင်းြဖစ်သောကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့် အညီ ဆက်လက်ဆောင်ရွက်ရန် လိုလာကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က ပြောသည်။

“ဒါပေမယ့် လက်ရှိ အနေအထားအရတော့ ၄၅ ဦးကော်မတီက ဆက်လာတဲ့ ဥပဒေတွေပြင်ဆင်ချက်တွေ ရမှပဲ ပေါင်းပြီးတော့ အတူတူ တပြိုင်တည်းယှဉ်တွဲပြီးတော့ မှ လေ့လာ သုံးသပ် မယ်ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ အခုလို လုပ်တာတော့ ကျွန်တော်တို့ အနေနဲ့သဘော မတူပါဘူး။ လက်မခံ ပါဘူး။ ဥပဒေ အတိုင်းဆက်လက်ဆောင်ရွက်စေချင်ပါတယ်။ ဒီအတိုင်းပဲ ဖြစ်စေချင်ပါတယ်”ဟု ဗိုလ်မှူးချုပ် မောင် မောင်က ဆက်ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦး ဦးဆောင်သည့်ကိုယ်စားလှယ်များမှ ဥပဒေမူကြမ်း နှစ်ခုနှင့် တပ်မတေ်ာသား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင် အပါအဝင် ကိုယ်စားလှယ် ၁၄၄ဦးတို့ တင်ပြထားသည့် ဥပဒေမူကြမ်းတစ်ခု စုစုပေါင်း သုံးခု ရောက်ရှိနေပြီဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းများတွင် ပါဝင်သည့် ပြင်ဆင်ချက်များသည်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) တစ်ခု လုံးအပေါ် ပြင်ဆင်ခြင်းမဟုတ်ဘဲ ပြဌာန်းချက်အချို့ကိုသာပြင်ဆင်ဆောင်ရွက်ရန်တင်ပြထားခြင်းဖြစ်ေကြာင်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက လေ့လာတွေ့ရှိခဲ့ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော် သို့ တင်ပြခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ပြင်ဆင်ေရး ပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်းကို လွှတ်တေ်ာသို့ ဥပဒေ နည်းဥပဒေများနှင့် အညီတင်သွင်းလာချိန်၌ လက်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦး လက်မှတ်ရေးထိုးပြီးတင်သွင်းထားသည့် ဥပဒေမူကြမ်းအပါအဝင် လွှတ်တော်သို့ တင်သွင်းထားသော ဥပဒေ မူကြမ်းသုံးခုတို့နှင့်အတူ သီးခြားစီတပြိုင်တည်း ယှဉ်တွဲ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ဥပဒေကြမ်းကော်မတီဝင်များ အားလုံးပါဝင်ဖွဲ့စည်းထားသည့်လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီတွင် အတူတကွလေ့လာသုံးသပ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဆိုပါက ပိုသင့်မြတ်မည်ဖြစ်ကြောင်း ဒေါက်တာ မြတ်ဉာဏာစိုးကပြောသည်။

“ဒီပြင်ဆင်တဲ့ ဥပဒေမူကြမ်းအသီးသီးမှာပါဝင်နေတဲ့ပုဒ်မ ၊ ပုဒ်မခွဲ တွေအကုန်လုံးတစ်ခုမှ ကျန်ခဲ့မှာ မဟုတ် ပါဘူး။ အားလုံးကို ပြည့်စုံအောင် စုစည်းပြီးတော့ ဥပဒေမူကြမ်း တစ်ခုတည်းအဖြစ် လွှတ်တော်မှာဆွေးနွေး ဆုံးဖြတ် ရယူမယ်ဆိုရင်တော့ ပိုမိုလျော်ကန်သင့်မြတ်ပါလိမ့်မယ်လို့ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင် အများစုကလေ့လာတွေ့ရှိရပါတယ်ဟု” လွှတ်တော်သို့ ၎င်းကဖတ်ကြားခဲ့သည်။

အဆိုပါပူးပေါင်းကော်မတီ၏လေ့လာတွေရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနြေဖင့် နိုဝင်ဘာ၁၉ရက်နေ့ မွန်းလွဲတစ်နာရီနောက်ဆုံးထားပြီး အမည်စာရင်းပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly