ရေလွှမ်းမိုးမှုကြောင့် ဗင်းနစ်မြို့တွင် အရေးပေါ်အခြေအနေ ကြေညာ

ရေလွှမ်းမိုးမှုကြောင့် ဗင်းနစ်မြို့တွင် အရေးပေါ်အခြေအနေ ကြေညာ

နိုဝင်ဘာ ၁၅ ။         ။ နှစ် ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် နာမည်ကျော် ဗင်းနစ်မြို့အတွက် ယခုအခါ အရေးပေါ်အခြေအနေတစ်ရပ် အီတလီအစိုးရက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ထူးကဲ ဒီရေ မြင့်တက်မှုကြောင့် မြို့တွင်းရှိ ဘုရားရှိခိုးကျောင်းများ၊ စျေးဆိုင်များ၊ နေအိမ်များတွင် ရေလွှမ်းမိုးမှုနှင့် ကြုံတွေ့နေရကာ ယူနက်စကို စာရင်းဝင် မြို့အတွက် ယူရို သန်းပေါင်းများစွာ ဆုံးရှုံးနစ်နာစေခဲ့သည်။

ယခုအခါ ဗင်းနစ်မြို့အတွက် အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်မှုကို အတည်ပြုလိုက်ကြောင်း အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တီက ပြောသည်။

တစ်ချိန်တည်းမှာပင် ဗင်းနစ်မြို့အတွက် အရေးပေါ် ကူညီဆောင်ရွက်ပေးနိုင်ရန် အလို့ငှာ ရန်ပုံငွေ ယူရို သန်း ၂၀ အားချင်း ထုတ်ပေးရန်ကိုလည်း ကွန်တီက ညွန်ကြားခဲ့သည်။

မြို့တွင်းမှာ ရေကြီးမှုကြောင့် အရေးပေါ် အခြေအနေဖြစ်နေသော်လည်း ခရီးသွားများကမူ မြို့ထဲရှိ အထင်ကရ စိန့် မာ့ခ် ရင်ပြင်ရှေ့တွင် တပျော်တပါး ဓာတ်ပုံရိုက် လှည့်လည်သွားလာမှုများ ရှိနေခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly