မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် နိုင်ထက်စီးနင်းပြုကျင့်သည်ဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ICC အတည်ပြု

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် နိုင်ထက်စီးနင်းပြုကျင့်သည်ဟူသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ICC အတည်ပြု
Photo: AFP

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအပေါ် ရာဇဝတ်မှုများ ကျုးလွန်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး တင်းပြည့်ကြပ်ပြည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC က နိုဝင်ဘာ ၁၄ ရက်၌ အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီအရေးနှင့် ပတ်သက်ပြီး အရှေ့တောင်အာရှ မြန်မာနိုင်ငံအနေဖြင့် တရားစီရင်ခံရမည့် ဖိအားများနှင့် ရင်ဆိုင်နေရချိန် ICC က ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွင်းက မြန်မာစစ်တပ်၏ အဆိုပါ လူနည်းစု မွတ်စလင်အုပ်စုအပေါ် နှိမ်နင်းမှုများ လုပ်ဆောင်ရာ၌ ဖိစီးနှိပ်စက်မှုများ ရှိခြင်း၊ လူသားချင်းစာနာထောက်ထားရေးကို ဆန့်ကျင်သည့် ရာဇဝတ်မှုများ ကျုးလွန်ခြင်းများ ရှိသည်ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနိုင်ရန် တရားရေးဆိုင်ရာ လျှောက်ထားချက်အား ICC တရားသူကြီးများက ထောက်ခံအတည်ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အထူးခုံရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တရားစွဲဆိုမှုကို ရင်ဆိုင်နေရချိန်လည်း ဖြစ်သကဲ့သို့ ဘင်္ဂါလီမွတ်စလင်များအပေါ် ကျုးလွန်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံမှတစ်ဆင့် တရားစွဲဆိုရာတွင် နိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ထည့်သွင်းထားသည့် အချိန်ကာလအတွင်း ယခု ICC အတည်ပြုချက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ICC ၏ တရားစီရင်ရေးဘောင်အတွင်းဝင်သည့် စွပ်စွဲခံထားရသည့် ရာဇဝတ်မှုများအတွက် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်ကို အတည်ပြုသည်ဟု ကမ္ဘာ့အဆိုးဝါးဆုံး ရာဇဝတ်မှုများအတွက် ၂၀၀၂ ခုနှစ်တွင် သည်ဟိတ်၌ အခြေစိုက်ပြီး စတင်တည်ထောင်သည့် ICC က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required