၃ပွဲဆက်ရှုံးနိမ့်ပြီးနောက် မြန်မာအသင်း နိင်ပွဲစတင်ရရှိ

၃ပွဲဆက်ရှုံးနိမ့်ပြီးနောက် မြန်မာအသင်း နိင်ပွဲစတင်ရရှိ
ဓာတ်ပုံ - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ရန်ကုန်၊ နိုဝင်ဘာလ ၁၄။    ။ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် တာဂျစ်ကစ္စတန် အသင်းနှင့် မြန်မာလက်ရွေးစင်အသင်း တို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် အပြန်အလှန်သွင်းဂိုးများဖြင့် တာဂျစ်ကစ္စ တန် အသင်း ကို အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းနှင့် တာဂျစ်ကစ္စတန် အသင်းတို့၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို နိုဝင်ဘာ ၁၄ရက် ညနေ ၅နာရီအချိန်က မန္တလေးမြို့ မန္တလာသီရိကွင်း၌ကျင်းပခဲ့ပြီး မြန်မာအသင်းက ၄ ဂိုး၃ဂိုးဖြင့် အနိုင်ရရှိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပွဲစဉ်၏ ပထမပိုင်းစတင်ယှဉ်ပြိုင်ချိန်တွင် တာဂျစ်ကစ္စတန်အသင်းကို စတင်ဖိအားပေး ကစား နိုင်ခဲ့ကာ အစောပိုင်းအဖွင့်ဂိုးကို ပွဲကစားချိန် ၉မိနစ်တွင် မြန်မာအသင်းမှ ဆောင်လမန်က စတင် သွင်းယူ နိုင်ခဲ့သည် ။ ထို့နောက် မြန်မာအသင်း၏ နောက်ခံလူအမှားကြောင့် တာဂျစ်ကစ္စတန်အသင်း ဘက်သို့ ပင်နယ်တီပေးခဲ့ရပြီး ချေပဂိုးခွင့်ပြုခဲ့ရသည်။ ချေပဂိုးပေးခဲ့ရပြီးနောက် မြန်မာအသင်းမှ တိုက်ပြန် တိုက်စစ်ကစားခဲ့ရာ ၃၉မိနစ်တွင် ဆန်းလန်းမောင်က အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ၂-၁ ရလဒ်နှင့် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ရာတွင် ပွဲကစားချိန် မိနစ်၄၈ မိနစ်၌ မြန်မာအသင်းက ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ပြီး မြန်မာကစားသမားများ၏ နားလည်မူလွဲခြင်းကြောင့် ၅၇မိနစ်တွင် တာဂျစ်ကစ္စတန် ဘက်သို့ ချေပဂိုးထပ် မံခွင့်ပြုခဲ့ရသည်။ ထို့နောက် ဒုတိယပိုင်း ၆၃ မိနစ်တွင် မြန်မာအသင်းမှ မောင်မောင်လွယ်က ဂိုးထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ပြိုင်ပွဲကို ၄ - ၂ ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့သည်။

သို့သော် ပွဲချိန် ၇၆ မိနစ်တွင် တာဂျစ်ကစ္စတန်တို့ ချေပဂိုးထပ်မံရရှိခဲ့ပြီး မြန်မာအသင်းအနေဖြင့် အနိုင်ရလဒ်ကို ထိန်းထားနိုင်ရန် တာဂျစ်ကစ္စတန်အသင်း၏ တိုက်စစ်ကိုခက်ခက်ခဲခဲခုခံခဲ့ရသည်။ ထို့နောက်ပွဲပြီးဆုံးချိန်တွင် ၄-၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာဖလားခြေစစ်ပွဲတွင် မွန်ဂိုလီယားအသင်း၊ ဂျပန်အသင်းနှင့် ကာဂျစ္စတန်အသင်းတို့ကို ရှုံးနိမ့်ထားပြီး ရမှတ် သုံးမှတ် ၊ ပေးဂိုး ၁၃ ဂိုး ဖြင့် အုပ်စုအောက်ဆုံး အဆင့်တွင် ရပ်တည် နေသည်။

မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်အပြီးတွင် မွန်ဂိုလီးယားအသင်းနှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မန္တလေးမြို့၊မန္တလာသီရီအားကစားကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly