ရွေးကောက်ပွဲကော်မရှင်အပေါ် သံသယ မရှိကြဖို့ ကော်မရှင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ

ရွေးကောက်ပွဲကော်မရှင်အပေါ် သံသယ မရှိကြဖို့ ကော်မရှင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ

နေပြည်တော်၊ အောက်တိုဘာ ၁၄၊။                ။ လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆောင် ရွက်နေသော လုပ်ငန်းများအပေါ် သံသယမရှိကြရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌက မေတ္တာရပ်ခံလိုက်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် နိုဝင်ဘာလ ၁၄ရက်နေ့က ပြုလုပ်ခဲ့ သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့မှ Worry တွေ များကြီးရယ်။ ကျွန်တေ်ာတို့လုပ်တဲ့ဟာမှန်သမျှ ခုနက စံငါးချက်နဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဆောင်ရွက်နေတာပါ။ ဒါကြောင့်ကျွန်တော်တို့ အပေါ် သံသယ မရှိပါနဲ့။ သံသယရှိခဲ့လည်း ကျွန်တေ်ာတို့ကိုလာဆွေးနွေးလို့ရပါတယ်။ဖိတ်ခေါ်ပါတယ်။သံသယကြီးနဲ့ပြောတာ တော့ ပြောတဲ့လူလည်း မကောင်းဘူး။ အပြောခံရတဲ့ လူလည်းမကောင်းဘူး။ ဒါပေမယ့် မသိဘဲနဲ့ ကျွန်တော်တို့က မဆွေးနွေးနဲ့ ဆိုရင်တော့လုပ်ပါ။ ကျွန်တေ်ာတို့ဆီ အချိန်မရွေးလာပြီးတော့ ပွင့်ပွင့် လင်းလင်းမေးမြန်းလို့ရပါတယ်။ကွျန်တေ်ာတို့ဖြေရှင်းပေးမယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောသည်။

ထို့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၊ မျှတပြီး အများယုံကြည်လက်ခံနိုင်မည့် စံငါးရပ်နဲ့အညီ ကျင်းပသွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ကြွေးကြော်ထားပြီး လာမယ့် ၂၀၂၀ အထွေထွေရွေးကောက် ပွဲအား တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် လုပ်ဆောင်ရန် စီစဉ်ထား ကြောင်း ကော်မရှင်ဘက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပြောဆိုထားသည်။

 “သူအဲ့အတိုင်း တကယ်တမ်းလုပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေ့ါ။ အန်ကယ်တို့ကတော့ ဒီလိုပဲမြင်ပါတယ်။ အဲ့လိုပဲရှေ့လျောက်လည်း တစ်ခုခုလုပ်တော့မယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီတွေ ခေါ်ပြီးတော့ ဘာလုပ်မယ်။ ဘာလုပ်မယ်။ ဘယ်လိုလုပ်မယ် ။ မဲစာရင်းဘယ်လိုကောက်မယ်။ ဘယ်လိုဖြစ်လာပြီ။ဘယ်လိုဖြစ်လာပြီဆိုတာကို ဒီလိုရှင်းလင်း သွားမယ်ဆိုရင်တော့ ဒီလိုသံသယက တစ်ယောက်နဲ့တစ်ယောက်က ပိုပြီးတော့ ပျောက်သွား ပါလိမ့်မယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးလှသိန်းက ပြောသည်။

လာမယ့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပမည်ဟု သိရပြီး  ရက်အတိ အကျကိုမူ ကော်မရှင်ဘက်က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

 “ရွေးကောက်ပွဲ လုပ်စေချင်တာပေါ့။ ရွေးကောက်ပွဲဝင်ဖို့အတွက် ရွေးကော်ပွဲဝင်ဖို့ပါတီ ထောင်တယ် လေ။ ရွေးကောက်ဝင်လို့ အမတ်ဖြစ်မှ လုပ်ပိုင်ခွင့်တွေရလို့ ဒီအခွင့်အာဏာနဲ့ ရခိုင်ပြည်သူတွေ အတွက် ပြည်နယ်လွှတ် တော်မှာရော ပြည်ထောင်စုလွှတ်တော်မှာရော အန်ကယ်တို့ လာပြီးတော့ ပြောနေကျတာ။ ဒီလို ပြောခွင့်ဆိုခွင့် ရဖို့အတွက် ပြည်သူတွေရဲ့ ကိုယ်စားပြုပြီးတော့ ရွေးချယ် လိုက်တဲ့ အမတ်တွေ တို့မှာ အများကြီးလိုတယ်။ အဲ့ဒီအတွက် ဒို့က အပင်ပမ်းခံပြီး အလုပ် လုပ်နေ ကျတာ” ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးဘရှိန်က ပြောသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required