ပါမောက္ခချုပ်ဆရာတော်ကို အတင်းအကျပ် အနားယူခိုင်းတာမဟုတ်ဟု သာ/ယဉ်ဝန်ကြီး ရှင်းလင်း

ပါမောက္ခချုပ်ဆရာတော်ကို အတင်းအကျပ် အနားယူခိုင်းတာမဟုတ်ဟု သာ/ယဉ်ဝန်ကြီး ရှင်းလင်း

နေပြည်တော်၊နိုဝင်ဘာ ၁၄။   ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ ထေရဝါဒသာသနာပြု တက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ တာဝန်မှအနားယူခြင်းအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

“ဆရာတော်ကြီးက အသက်၈၀ရှိပါပြီ။ ပင်လည်း ပင်ပန်းနေပါတယ်။ ဆရာတော်ကြီးကိုယ်တိုင် က လည်း ဒီကနေ အနားယူချင်ကြောင်းပြောနေတာ ကြာပါပြီ။ထေရဝါဒတက္ကသိုလ်ရဲ့ဥပဒေ နည်း ဥပဒေတွေအရ အငြိမ်း စားယူခြင်းသာ ဖြစ်ပါတယ်။သတင်းတွေမှာဖော်ပြသလို By Force အတင်း အကြပ်ဘာညာမဟုတ်ပါဘူး။ သက်တော်ပြည့်လို့ သက်တော် ကျော်နေပါပြီ။ဆရာတော်ကြီးကို Extension  ပေးတာ ၁၄ကြိမ်  ရှိ ပါပြီ။ သက်တော် ၈၀ ရှိပါပြီ။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ သက်တော် ၈၀ အထိ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံ့ဝန်ထမ်း မရှိပါဘူး။အားလုံးသဘောပေါက်ကြမှာပါ”ဟု သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာတော်ကြီးအား ပါမောက္ခချုပ်ရာထူးနေရာမှ နုတ်ထွက်ခိုင်းရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးက ဖိအားပေးခဲ့ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

“ပါမောက္ခချုပ်ဆရာတော်ကြီးက အခုနိုဝင်ဘာလမှာ သက်တော် ၈၀ ပြည်မယ်။ ပါမောက္ခချုပ်ဆိုတာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါတယ်။ အပြင်တက္ကသိုလ်တွေရဲ့ ပါမောက္ခချုပ်တွေလည်း အတူတူပါပဲ။ ထေရဝါဒ တက္ကသိုလ်ရဲ့ဥပဒေ၊ နည်း ဥပဒေမှာ ရဟန်းသံဃာများဖြစ်လို့ သက်တော် ၆၅နှစ်အထိ တာဝန်ထမ်း ဆောင်ခွင့်ရှိတယ်။ ၆၅နှစ်ပြည့်လို့ ကျန်းမာကြံ့ခိုင်နေတယ်။ ဆရာတော်ကြီးတွေကလည်း စိတ်အား ထက်သန်မယ်ဆိုရင် နောက်ထပ် တစ်နှစ် တစ်နှစ် တစ်နှစ်နဲ့ ငါးကြိမ် ငါးနှစ် ထပ်တိုးထမ်းဆောင်ခွင့် ပြုပါတယ်။သက်တော် ၇၀ ဆိုရင်တော့ လုံးဝနားရမှာ ဖြစ်ပါတယ်။နိုင်ငံံ့ဝန်ထမ်းဖြစ်ပါတယ်။ ပါမောက္ခ ချုပ်တစ်ယောက်ရဲ့ လစာ စရိတ် ခံစားခွင့် အကုန်လုံး ခံစားရတဲ့ ဟာ ဖြစ်ပါတယ်”ဟု သူရဦးအောင်ကိုက ဆက်ပြောသည်။

ပါမောက္ခချုပ်ဆရာတော်ကို ရာထူးမှ ဖိအားပေး နှုတ်ထွက်ခိုင်းသည့် သတင်းကို နိုဝင်ဘာလ ၁၂ရက်နေ့ညပိုင်း ရန်ကုန်မြို့၌ ငလျင်လှုတ်ခတ်မှုအပြီး ဖေ့စ်ဘွတ်ပေါ်တွင် စတင် ပြန့်နှံ့ခဲ့ခြင်းလည်း ဖြစ်သည်။အဆိုပါဖြစ်စဉ်များ မတိုင်မီ သမ္မတဟောင်း ဦးသိန်းစိန်မိသားစုက ဦးဆောင်ကာ ပါမောက္ခချုပ် ဆရာတော်ကို ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းမှုများလည်း ရှိခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly