မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ကျင်းပ

14 November 2019
မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ကျင်းပ

မြန်မာ-စင်ကာပူ စီးပွားရေးဆိုင်ရာထိပ်သီးတွေ့ဆုံပွဲ ၂၀၁၉ကို နိုဝင်ဘာ၁၄ရက်နေ့က Novotel Yangon Max မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ ၂၀၁၈ခုနှစ် နိုဝင်ဘာမှာကျင်းပခဲ့တဲ့ SAMစီးပွားရေးဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ ကျင်းပတာဖြစ်ပါတယ်။ ဒီတစ်ခေါက်ထိပ်သီးတွေ့ဆုံပွဲကိုတော့ "စင်ကာပူ - မြန်မာနိုင်ငံအတွက် ကမ္ဘာကိုတက်လှမ်းရန်လမ်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းမိတ်ဖက်မှု ပိုမိုနက်ရှိုင်းစေဖို့ အကောင်းဆုံး လုပ်ဆောင်နိုင်ရန်နဲ့ ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုပြုလုပ်ဖို့ စင်ကာပူစီးပွားရေးအဖွဲ့အစည်းတွေကို တိုက်တွန်း ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၄၉နိုင်ငံက ရင်းနှီးမြုပ်နှံထားပြီး ရင်းနှီးမြုပ်နှံမှုစုစုပေါင်းကတော့ အမေရိကန် ဒေါ်လာ ၈၀ဘီလီလျံလောက်ရှိတယ်လို့ သိရပါတယ်။ ရိုက်ကူး/တည်ဖြတ်- လာဘ်ရတနာဗိုလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required