ONE: MASTERS OF FATE ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

ONE: MASTERS OF FATE ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Mall Of Asia Arena အားကစားပြိုင်ပွဲရုံ၌ ONE: MASTERS OF FATE ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ စုစုပေါင်းတွဲဆိုင်း ၁၃ ဆိုင်းဖြင့်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲမှာ ပရိသတ်များအား ဖျော်ဖြေမှုအပြည့်အဝပေးစွမ်းနိုင်သလို အားကစားသမားများကလည်း ၎င်းတို့၏ အကောင်းဆုံစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။ ထိုပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ်အတွင်း ၄ ကြိမ်မြောက်နှင့် နောက်ဆုံးအကြိမ် ကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်ပြီး ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းကလည်း ချန်ပီယံအပြောင်းအလဲ မဖြစ်ပေါ်ခဲ့ဘဲ လက်ရှိ ချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Joshua “The Passion” Pacio က စိန်ခေါ်သူ တစ်နိုင်ငံတည်းသား Rene “The Challenger” Catalan ကို ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။တွဲဆိုင်းအားလုံးလိုလိုမှာ သူ့အထွာနှင့်သူ ပွဲကြီးပွဲကောင်းများဖြစ်ရာ ပြိုင်ပွဲကျင်းပချိန်တစ်လျှောက် စိတ်လှုပ်ရှားစရာကောင်းသော အခိုက်အတန့် ၄ ခု ကို ဖော်ပြပေးလိုက်ပါသည်။

၁။ တည်ငြိမ်မှုဖြင့် အနိုင်ရခဲ့သော Naito

ရှေ့ထွက်တွဲဆိုင်းများ၏ နောက်ဆုံးပွဲအဖြစ် ဂျပန်အားကစားသမား Yoshitaka “Nobita” Naito နှင့် ထိုင်းအားကစားသမား Pongsiri “The Smiling Assassin”Mitsatit တို့၏ စတောဝိတ်တန်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားတွဲဆိုင်းက စိတ်လှုပ်ရှားစရာ အခိုက်အ တန့်ပေါင်းများစွာကို ပေးစွမ်းနိုင်ခဲ့သည်။ အသက် ၂၃ နှစ်အရွယ် ချင်းမိုင်မွေထိုင်းချန်ပီယံ Tiger Muay Thai အသင်းသား Mitsatit သည် ငယ်ရွယ်သူပီပီ အနိုင်လိုဇောဖြင့် တရစပ်တိုက်စစ်ဖွင့် ယှဉ်ပြိုင်ခဲ့သည်။ သို့သော်လည်း အသက် ၃၅ နှစ်အရွယ် Naito က ONE စတော ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်းပီပီ အတည်ငြိမ်ဆုံးပုံစံဖြင့်တုံ့ြပန်ကာ အကောင်းဆုံးခံစစ်ဗျူဟာကို အသုံးပြုခဲ့သည်။ မွေထိုင်းချန်ပီယံ တစ်ဦးဖြစ်သည့် Mitsatit သည် လက်သီးတွဲလုံးများ၊ ဒူးတိုက်ချက်များ၊ ခြေကန်ချက်များသုံးကာ တိုက်ခိုက်သော်လည်း Shooto ဂျပန်ဖ လိုင်းဝိတ်တန်းချန်ပီယံ Naito က မြေပြင်ချုပ်ကွက်နည်းဗျူဟာဖြင့် ရမှတ်များ စုဆောင်းနိုင်ခဲ့သည်။

ထိုင်းအားကစားသမားသည် Naito မြေပြင်ချုပ်ကွက်ဗျူဟာကို မည်သို့မှ တုံ့ပြန်နိုင်ခြင်းမရှိနိုင်အောင် ဂျပန်အားကစား၏ နပမ်းနည်းစနစ်များ ကလည်း လှပသေသပ်လွန်းသည်။ အချီစေ့၍ အမှတ်ဖြင့်ဆုံးဖြတ်သည့်အခါ Mitsatit က ၎င်းအနိုင်ရမည်ဟုထင်ကာ လက်သီးလက် မောင်းတန်း အောင်ပွဲခံရန်ပြင်ဆင်ထားသော်လည်း အမှတ်ပေးဒိုင် ဦးစလုံးက Naito ကိုသာ အနိုင်ပေးခဲ့ရာ ထိုအခိုက်အတန့်က ၎င်းအတွက် မမေ့နိုင်စရာအခိုက်အတန့် ဖြစ်ခဲ့သည်။

 

၂။ Robin Catalan လျှပ်တစ်ပြက်ကန်ချက်

စတောဝိတ်တန်းတွဲဆိုင်းတစ်ခုဖြစ်သည့် ဖိလစ်ပိုင်အားကစားသမား Robin “The Ilonggo” Catalan နှင့် ကျူးဘားအားကစားသမား Gustavo “El Gladiador” Balart တို့တွဲဆိုင်းတွင်လည်း မမေ့နိုင်စရာ အချိန်အခိုက်အတန့်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ Pan-American ပမ်းချန်ပီယံဆုကို ကြိမ်ရယူဖူးသော Balart သည် အရပ် ပေ၊ ၁၁ လက်မသာရှိသော်လည်း နပမ်းစွမ်းဆောင်ရည်ကောင်းမွန်လွန်းသူ ဖြစ်သည်။ ယခုပွဲတွင်လည်း အိမ်ရှင်ပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကိုရရှိထားသည့် Robin Catalan ကို နပမ်းချုပ်ကွက်များဖြင့် အခက်တွေ့စေခဲ့သည်။ သို့သော် Robin ကလည်း ဖိလစ်ပိုင်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားနယ်ပယ်တွင် နာမည်ကြီးများဖြစ်သည့် Rene Catalan Rabin “The Rock” Catalan တို့၏ ညီငယ်ဖြစ်သောကြောင့် အလွယ်တကူအရှုံးမပေးဘဲ အနိုင်ယူနိုင်မည့် အခြေအ နေတစ်ရပ်ကို စောင့်ကြည့်နေခဲ့သည်။

ဒုတိယအချီ မိနစ်၊ ၄၃ စက္ကန့်တွင် Mall Of Asia Arena အားကစားရုံတစ်ခုလုံး မင်သက်သွားရသည့် အခြေအနေတစ်ခုပေါ်ပေါက်ခဲ့ သည်။ ဖိလစ်ပိုင်အားကစားသမား အမှတ်မထင်ကန်လိုက်သော ပြင်းထန်သည့် ညာခြေအမြင့်ကန်ချက်က Balart ဘယ်ဘက်နားထင် ကိုထိမှန်ကာ ကြိုးဝိုင်းကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။ ထို့နောက် Robin Catalan က လက်သီးနှစ်ချက် ဆင့်ထိုးလိုက် သည့်အခါ ကြိုးဝိုင်းဒိုင်လူကြီးက ပွဲရပ်ကာ ဖိလစ်ပိုင်အားကစားသမားကို အလဲထိုးဖြင့် အနိုင်ပေးခဲ့သည်။

 

၃။ Tsogookhuu မင်သက်သွားသည့် ခဏတာ

ဒုတိယအဓိကတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်သည့် လိုက်ဝိတ်တန်းတွဲဆိုင်းတွင်လည်း မမေ့နိုင်စရာ အခိုက်အတန့်တစ်ခုဖြစ်ပေါ်ခဲ့သည်။ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ဖိလစ်ပိုင်အားကစားသမား Eduard “Landslide” Folayang နှင့် မွန်ဂိုလီးယားအားကစားသမား Amarsanaa “Spear” Tsogookhuu တို့တွဲဆိုင်းမှာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့သည်။ နှစ်ပွဲဆက်ရှုံးပွဲတွေ့ထားသည့် Folayang မှာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ရေးအတွက် ၎င်း၏ထုံးစံအတိုင်း တိုက်စစ်ပြင်းပြင်းဖွင့်ကာ ယှဉ်ပြိုင်ခဲ့သည်။ အသက် ၃၅ နှစ်အ ရွယ် Folayang ထက် နှစ်ငယ်သည့် မွန်ဂိုလီးယားအားကစားသမားကလည်း တိုက်စစ်ဖြင့်ပင် ပြန်လည်ယှဉ်ပြိုင်ခဲ့သလို ပွဲဆက်အ နိုင်ရရေးအတွက်လည်း ကြိုးစားခဲ့သည်။

ဒုတိယအချီ မိနစ်၊ ၃၁ စက္ကန့်တွင် Folayang က ဘယ်ဝိုက်လက်သီးအထိုး Tsogookhuu ကခေါင်းငုံ့ရှောင်အထွက် ၎င်း၏ဦးခေါင်းနှင့် Folayang မျက်နှာထိမိသွားခဲ့သည်။ လဲကျသွားသော Folayang ကို Tsogookhuu က ဆက်လက်ထိုးနေပြီး ဘယ်ဘက်မျက် ခုံးအောက်မှ သွေးများစီးကျနေ၍ ဆေးစစ်မှုခံယူခဲ့သည်။ ရုပ်သံပြကွက်များကို ပြန်လည်ကြည့်ရှုရာ Team Amaraa အသင်းသား Tsogookhuu မှာ ခွင့်ပြုခြင်းမရှိသော ခေါင်းတိုက်သတ်ကွက်ကိုအသုံးပြုေသာကြောင့် အရှုံးပေးခဲ့ရပြီး Folayang ကို အနိုင်ပေးခဲ့ရာ ဆိုပါအခိုက်အတန့်က မွန်ဂိုလီးယားအားကစားသမားအတွက် စိတ်ပျက်စရာကာလဟုဆိုနိုင်သည်။

 

၄။ Pacio အတွက် ငရဲခန်း အခိုက်အတန့်

အဓိကတွဲဆိုင်းအဖြစ်ယှဉ်ပြိုင်သည့် ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် လက်ရှိချန်ပီယံ ဖိလစ်ပိုင်အားကစားသမား Joshua “The Passion” Pacio မှာ စိန်ခေါ်သူ တစ်နိုင်ငံတည်းပြိုင်ဘက် Rene “Challenger” Catalan ကို ဒုတိယအချီတွင် လက် တစ်ဖက်နှင့်လည်ပင်းကို မလှုပ်ရှားနိုင်အောင် သိုင်းချုပ်သော ချုပ်ကွက်ဖြင့် နိုင်ပွဲရယူခဲ့သည်။ သို့သော်လည်း Team Lakay အသင်း သား Pacio သည် အလွယ်တကူအနိုင်ရခဲ့ခြင်းမဟုတ်ဘဲ ၎င်းထက် ၁၇ နှစ်ကြီးသည့် Catalan ခပ်မာမာတုံ့ပြန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် ပထမအချီတွင် Catalan Fighting System အသင်းသား Catalan က ၎င်း၏ခြေထောက်တစ်ဖက်ကို အမိအရ ဖမ်းဆုပ်ကာ ခြေထောက်လိမ်ချိုးသည့်ဗျူဟာကို အသုံးပြုခဲ့သည်။

Pacio မှာ ပြိုင်ဘက်၏ ခြေထောက်လိမ်ချိုးကွက်မှရုန်းထွက်နိုင်ရန် မိနစ်ကျော်ကြိုးစားခဲ့ရပြီး ကြိုးဝိုင်းအတွင်း လူးလှိမ့်နေရသည့်အချိန် များက ၎င်းအတွက် မမေ့နိုင်စရာအခိုက်အတန့်ပင်ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly