အမေရိကန်တွင် ဒရုန်းပိုင်ရှင်များ မှတ်ပုံတင်ရမည်

အမေရိကန်တွင် ဒရုန်းပိုင်ရှင်များ မှတ်ပုံတင်ရမည်

ဝါရှင်တန်၊ အောက်တိုဘာ ၂၀ ။           ။ အမေရိကန်တွင် အပျော်မောင်းနှင်သော ဒရုန်းပိုင်ရှင်များအနေဖြင့် မကြာမီ အာဏာပိုင်များထံတွင် မှတ်ပုံတင်ရတော့မည်ဟု အစိုးရက အောက်တိုဘာ ၁၉ တွင်ပြောကြားခဲ့သည်။ လူကြိုက်များသော ဒရုန်းများက ကောင်းကင်ယံတွင် အန္တရာယ်ရှိသည်ဟု ရှုမြင်သူများလာသည်။

ရေဒီယိုဖြင့်ထိန်းချုပ်သော ဒရုန်းများ အမေရိကန်ကောင်းကင်ယံတွင် များသထက်များလာချိန် ပုံမှန်လေယာဉ်ကြီးတစ်စင်းနှင့် တိုက်မိကာ ကြီးမားသည့် ကပ်ဘေးကြီးဖြစ်လာနိုင်သည့် အန္တရာယ်ကြောင့် အာဏာပိုင်များက အရေးယူဆောင်ရွက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

ဒရုန်းများမှတ်ပုံတင်သည့် စီမံကိန်းများကို ရှေ့တိုးဆောင်ရွက်မည့် အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းနေပြီဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်ထော်နီဖောက်စ်နှင့်   ပြည်ထောင်စု   လေယာဉ်ပျံသန်းမှုအုပ်ချုပ်ရေးအဖွဲ့အကြီးအကဲ မိုက်ကယ်ဟူအာတာတို့က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆောတလျင်ဆောင်ရွက်ရမည့်ပမာဏမှာ မြန်ဆန်စွာလုပ်ကိုင်နိုင်သည့် အခြေအနေတွင်ရှိသည်ဟု ဖောက်စ်က ပြောသည်။ မှတ်ပုံတင်ရမည့်သူများတွင် လက်ရှိပိုင်ဆိုင်သူများသာမက ယခုအားလပ်ရက်ရာသီတွင် ဒရုန်းသစ်ပိုင်ဆိုင်မည့်သူထောင်ပေါင်းများစွာလည်းအကျုံးဝင်မည်ဟု ၎င်းကပြောသည်။

ဒရုန်းများဟု တရားဝင်သိရှိထားသော လူလိုက်ပါခြင်းမရှိသည့် လေယာဉ်စနစ်များ (UAS) ပုံစံအချို့ကိုမူ ကစားစရာများနှင့် သေးငယ်သောကိရိယာများအဖြစ် ချွင်းချက်ထားရှိနိုင်သည်။

အထူးအဖွဲ့တွင် ဒရုန်းနှင့် လေယာဉ်လုပ်ငန်းများမှ ကိုယ်စားလှယ်များပါဝင်ရန် စီစဉ်ထားပြီး နိုဝင်ဘာ၂၀တွင် ၎င်း၏ထောက်ခံချက်များကို ဖိုင်တွဲထားရန် ယင်းအဖွဲ့ကို ညွှန်ကြားထားသည်။ စည်းမျဉ်းသစ်များမှာ ဒီဇင်ဘာလလယ်တွင် စနစ်တကျဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဖောက်စ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly