ဂလက်စီကနေ ထွက်ခွာမယ်လို့ အတည်ပြုရင်း ‘ဘေ့စ်ဘောပွဲတွေပဲ ပြန်ကြည့်တော့’လို့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ အီဘရာဟီမိုဗစ်

ဂလက်စီကနေ ထွက်ခွာမယ်လို့ အတည်ပြုရင်း ‘ဘေ့စ်ဘောပွဲတွေပဲ ပြန်ကြည့်တော့’လို့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တဲ့ အီဘရာဟီမိုဗစ်
Photo: EPA

ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်က အယ်လ်အေ ဂလက်စီအသင်းကနေ ထွက်ခွာသွားတော့မယ်လို့ အတည်ပြုရင်း ဘော့စ်ဘောပွဲတွေပဲ ပြန်ကြည့်ကြတော့လို့ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုသွားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ နှစ်ရာသီစလုံးမှာ မေဂျာလိဂ်အကောင်းဆုံးအသင်း (၁၁)ယောက်ထဲမှာ ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ဟာ ၂၀၁၉ နှစ်ကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ဂလက်စီအသင်းက သူ့ကို (၂)နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားက စာချုပ်မချုပ်တော့တာဖြစ်ပါတယ်။

အသက် (၃၈)နှစ်အရွယ် ဆွီဒင်တိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်၊ မတ်လက အယ်လ်အေဂလက်စီကို ရောက်ရှိပြီးနောက်ပိုင်း အသင်းအတွက် ပွဲပေါင်း (၅၃)ပွဲကစားပေးခဲ့ရာမှာ (၅၁)ဂိုးထိ သွင်းယူခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က ကလက်စီပရိသတ်တွေကို သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကနေ အခုလို နှုတ်ဆက်ခဲ့ပါတယ်။

"ကျနော် လာတယ်။ ကျနော် မြင်တယ်။ ကျနော် သိမ်းပိုက်နိုင်ခဲ့တယ်။ ကျနော့်ကို နောက်တစ်ကြိမ် ရှင်သန်ခွင့်ပေးခဲ့တဲ့အတွက် ဂလက်စီကို ကျေးဇူးတင်ပါတယ်။ ဂလက်စီပရိသတ်တွေအတွက် ခင်ဗျားတို့ ဇလာတန်ကို အလိုရှိခဲ့ပြီး ခင်ဗျားတို့ကို ကျနော်က ဇလာတန်ပြန်ပေးခဲ့တယ်။ ဒီပုံပြင်က ဆက်သွားနေဦးမှာပါ ... အခုတော့ ဘေ့စ်ဘောပွဲတေါပဲ ပြန်ကြည့်ကြပါတော့"လို့ ဇလာတန်က ရေးသားပြောဆိုခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ၂၀၁၀ နဲ့ ၂၀၁၂ ခုနှစ်မှာ ကစားခဲ့တဲ့ အသင်းဟောင်း အေစီမီလန်အသင်းကို ပြန်လည်ကစားဖို့ ချိတ်ဆက်နေတယ်။ အေစီမီလန်အသင်းအပြင် အီတလီကလပ် ဘိုလော့ဂ်နာအသင်းကလည်း တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ သတင်းတွေ ထွက်နေတယ်လို့ သိရပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly