နေတိုးအပေါ် ပြင်သစ်သမ္မတ၏မှတ်ချက်ကို တူရကီသမ္မတပြစ်တင်ဝေဖန်

နေတိုးအပေါ် ပြင်သစ်သမ္မတ၏မှတ်ချက်ကို တူရကီသမ္မတပြစ်တင်ဝေဖန်

နိုဝင်ဘာ ၁၄ ။         ။ ပြင်သစ်သမ္မတ အမ်မန်နျူရယ်မက်ခရွန်က မဟာမိတ်များသည် ဦးနှောက်ပျက်စီးမှုတွေ ခံစားနေရပြီ ဟု နေတိုးအပေါ် ပြောကြားချက်ကို တူရကီသမ္မတ အာဒိုဂန်မှ လက်မခံနိုင်သောမှတ်ချက်ဟု နိုဝင်ဘာလ ၁၃ ရက်က  ပြစ်တင်ဝေဖန်လိုက်သည်။

နေတိုးနဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတ၏ပြောကြားချက်ကို အာဒိုဂန်က အရမ်းကို စိတ်ပျက်နေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တူရကီသမ္မတနှင့် လက်ခံတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

လက်သင့်မခံနိုင်ဘူး ဆိုသည့်အကြောင်း စကားပြန်မှတစ်ဆင့် ထပ်လောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဥရောပနှင့် အမေရိကန်ပြည်ထောင်စုသည် ညီညွတ်မှုမရှိဟု ပြင်သစ်သမ္မတက ရှုတ်ချပြီး ဆီးရီးယားအပေါ် နေတိုးအဖွဲ့ဝင်ဖြစ်သည့် တူရကီ၏ တစ်ဖက်သတ်လုပ်ဆောင်ချက်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ယခုလအစောပိုင်းက အင်တာဗျူးတစ်ခုတွင်ပြောကြားခဲ့သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly