အစ္စရေး- ဂါဇာ တိုက်ပွဲ ဒုတိယမြောက်နေ့အဖြစ် အရှိန်မြင့် ဖြစ်ပွား

အစ္စရေး- ဂါဇာ တိုက်ပွဲ ဒုတိယမြောက်နေ့အဖြစ် အရှိန်မြင့် ဖြစ်ပွား

ဂါဇာ၊ နိုဝင်ဘာ ၁၃ ။        ။ ဂါဇာကမ်း‌မြောင်၌ အစ္စရေး၏ ပစ်မှတ်ထား သုတ်သင်မှုက စတင်ဖြစ်ပွားသည့် အပြန်အလှန် ပစ်ခတ်မှုသည် နိုဝင်ဘာ ၁၃ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် အရှိန်မြင့် ဖြစ်ပွားပြီး သေဆုံးသူ ပါလက်စတိုင်း ၂၂ ရှိလာခဲ့သည်။

ဂါဇာကမ်းမြောင်က အစ္စလာမ္မစ်ဂျီဟတ် တည်နေရာများနှင့် ဒုံးကျည်ပစ်လွှတ်ရာ နေရာများကို အစ္စရေး လေကြောင်းစီးနင်းမှု ပြုလုပ်ခဲ့သည်ကို လက်တုံ့ပြန်ပြီး ဂါဇာကမ်းမြောင်ဖက်ခြမ်းမှ အစ္စရေးဆီ ဒုံးကျည်များဖြင့် ပစ်ခတ်လာခဲ့ခြင်း ဖြစ်သည်။

အစ္စရေး၏ ဒုံးကျည်ကာကွယ်ရေးစနစ်က ဒုံးကျည်များကို ကြားဖြတ်ပစ်ချနေရာ ဝေဟင်တွင် ဒုံးကျည်ပေါက်ကွဲမှုများနှင့် လေကြောင်းသတိပေး ဥဩဆွဲသံများ ဆူညံနေပြီး အစ္စရေးဒေသခံများလည်း ဗုံးခိုကျင်းများသို့ ပြေးလွှားရှောင်ပုန်းကြရသည်။

အဆိုပါ တိုက်ပွဲများ ရပ်တန့်ရေးအတွက် ကိုင်ရိုတွင် ဆွေးနွေးပွဲများ ကျင်းပရန် ကုလသမဂ္ဂ သံတမန် နီကိုလေးမလာဒန်နော့ ရောက်ရှိနေသည်ဟု သံတမန်သတင်းရပ်ကွက်က ဆိုသော်လည်း ဆွေးနွေးပွဲများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ရပ်က နောက်ထပ် တင်းမာမှုများ အရှိန်မြင့်ဖြစ်ပွားနိုင်ဆဲပဲဟု သတိပေးသည်။

အဆိုပါ သတင်းရင်းမြစ်က ၎င်း၏ သတိပေးချက်ကို ထပ်လောင်းပြောဆိုပြီး အချိန်တစ်ခု ယူရမည် ဖြစ်သကဲ့သို့ အစ္စရေးဖက်ကလည်း သက်ညှာမှုမဲ့ လက်တုံ့ပြန်လာနိုင်သည်ဟု သတိပေးပြောဆိုခဲ့သည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly