ကဘူးလ်မြို့ ကားဗုံးပေါက်ကွဲမှု လူ ၇ ဦးထက်မနည်း သေဆုံး

ကဘူးလ်မြို့ ကားဗုံးပေါက်ကွဲမှု လူ ၇ ဦးထက်မနည်း သေဆုံး

နိုဝင်ဘာ ၁၃ ။        ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း ရုံးတက်ရုံးဆင်းချိန်အတွင်း ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ခုနစ်ဦး သေဆုံးပြီး နိုင်ငံခြားသားများအပါအဝင် အခြား ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားခဲ့သည်။

ယင်းဖြစ်စဉ်တွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော မီနီဗင်ကားတစ်စီးကို ဖောက်ခွဲသွားခဲ့ခြင်းဖြစ်ကြောင်း အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

အာဖဂန်နစ္စတန် ကဘူးလ်မြို့ လေဆိပ်၏ မြောက်ဘက် ပြည်ထဲရေးဝန်ကြီးဌာန အနီးနေရာတွင် အဆိုပါ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။

“ ဒီဖြစ်စဉ်မှာ လူ ခုနစ်ဦး သေဆုံးသွားပါတယ်၊ အခြား ၁၄ ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရသွားပါတယ်၊ ဒီ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြား လေးဦးလည်း ပါ ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာစရက် ရာဟီမီက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဒဏ်ရာရသွားသူများသည် မည်သည့်နိုင်ငံသားများ ဖြစ်သည်ဆိုသည်ကို ၎င်းက ထုတ်ဖော်သွားခြင်းမရှိပေ။
 

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly