လူထုကတော့ NCA ပြဌာန်းချက်အရ အကာအကွယ် မရပါဘူး…!

13 November 2019
လူထုကတော့ NCA ပြဌာန်းချက်အရ အကာအကွယ် မရပါဘူး…!

မဇ္ဈိမ

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အစိုးရ-တပ်မတော်-လွှတ်တော်ကြားဖော်ဆောင် လျက်ရှိသည်။ လက်ရှိတွင် NCA ကိုတိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ လက်မှတ်ထိုးထားပြီး ဖြစ်သည်။ ထိုစာချုပ်သည် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် စတင် လက်မှတ်ထိုးခြင်း ဖြစ်သည့်အတွက်ယခုဆိုလျှင် လေးနှစ်ကျော် လာခဲ့ပြီဖြစ်သည်။ သို့သော် NCA အကောင်အထည်ဖော်မှုမှာ နှေးကွေးလျက်ရှိနေပြီးစာချုပ်ပါ အရပ်သားများကို ကာကွယ်ပေး ရမည်ဆိုသော အခြေအနေများလည်းလက်တွေ့တွင် ကာကွယ်မှု မပေးနိုင်ပဲ ဖြစ်နေသလိုတချို့သောလက် နက်ကိုင်အဖွဲ့များက ယာယီရပ်ဆိုင်းမှုများ ပြုလုပ်ထားသည်။ အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး NCA ထိုးထားသည့် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO )မှ နာယကဗိုလ်မှူးကြီးခွန်ဥက္ကာကိုမဇ္စျိမမီဒီယာ၏ အယ်ဒီတာဖြစ်သူ ချစ်မင်းထွန်း တွေ့ဆုံမေးမြန်းထားခြင်းကို ပထမပိုင်းအနေဖြင့် တင်ဆက်ပေးလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly