SME အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

SME အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ဓာတ်ပုံ - သူရ/မဇ္ဈိမ

နိုဝင်ဘာ ၁၃ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် ရှေ့ဆက်လုပ်ရမည့်အစီအစဉ် ဖော်ဆောင်ရန် ပထမဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူထားသော စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး၊ တွဲဖက် ဥက္ကဋ္ဌ အဖြစ် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ နာယက ဖြစ်သော ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့နှင့် SME လုပ်ငန်းရှင်များ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ခေါင်းဆောင်တဲ့ အငယ်စား၊ အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ (MSME) ကို ဖွဲ့စည်း၍ နေပြည်တော် ကောင်စီ အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသကြီး တို့မှ ဝန်ကြီးချုပ်များ ခေါင်းဆောင်တဲ့ MSME Agency များ အဖြစ် ထူထောင်ပြီး သက်ဆိုင်ရာ ဒေသအလိုက် MSME Action Plan မဟာဗျူဟာ ရေးဆွဲ အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ပြည်နယ် နှင့် တိုင်း ဒေသကြီး ၁၃ ခု မှ ရေးဆွဲပြီး ဖြစ်ကာ ကျန်ရှိနေတဲ့ တိုင်းဒေသကြီး နှစ်ခု အနေနဲ့ ရန်ကုန်တိုင်း နဲ့ စစ်ကိုင်းတိုင်း တို့ ကျန်ရှိနေတာဖြစ်ပြီး MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုပ်ငန်းအစီအစဉ်ရေးဆွဲသော အစည်းအဝေး ဖြစ်သည်။

အဆိုပါ MSME Action Plan တွင် ဆွေးနွေးရေးဆွဲ အကောင်အထည်ဖော်မည့် လုပ်ငန်းကဏ္ဍ ရှစ်ရပ်ပါဝင်မှာ ဖြစ်ပြီး ကဏ္ဍများအနေနဲ့ (၁) ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် အခွန်အခ ၊ (၂) ထုတ်လုပ်မှု စွမ်းအား၊ နည်းပညာ နှင့် တီထွင်ဆန်းသစ်မှု၊ (၃) အမျိုးသမီးများ နှင့် လူငယ်များ၊ လုပ်ငန်းစတင်ဆောင်ရွက်သူများ မြှင့်တင်ခြင်း၊ (၄) ချေးငွေရရှိမှု၊ (၅) ဈေးကွက်ရရှိရေး နှင့် နိုင်ငံတကာ အဆင့်ဝင်ရောက်ရေး၊ (၆) Green SMEs၊ (၇) လူမှုအကျိုးပြု လုပ်ငန်းများ နှင့် အားလုံးပါဝင်သော MSME လုပ်ငန်းများ နဲ့ (၈) အထောက်အကူပြု အဖွဲ့အစည်း မူဘောင် စတဲ့ လုပ်ငန်းကဏ္ဍများကို ရေးဆွဲ အကောင်အထည်ဖော်မှာ ဖြစ်သည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly